ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင် တစ်ယောက်ကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စစ်ကော်မရှင်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ 

ဒေါ်သက်သက်ခိုင် ဟာ အကြမ်းဖက်စစ်တပ်နဲ့ ရွေးကောက်ပွဲ အတုကို အားပေးထောက်ခံ ခဲ့ပေမယ် စစ်တပ်ဟာ သူ့ကိုထိရင် ဖမ်းဆီးမယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးရတဲ့ အကြောင်းရင်းကို အသေအချာမသိရ သေးပေမယ့် ဒေါ်သက်သက်ခိုင်ဟာ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုတွေကြောင့် ဖြစ်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုကြပါတယ်။ 

ဒေါ်သက်သက်ခိုင်ဟာ မကြာသေးမီက အင်တာဗျူးမှာ လက်ရှိကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမည်ဟု ယတိပြတ်မပြောနိုင်ကြောင်း၊ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကျင်းပတဲ့ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေပေမယ့် တစ်ဖက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေကို ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီတွေကို စေလွှတ် ဝင်ရောက်ယှဉ်ပြိုင်နေတာတွေကြောင့် ပါတီတွေအကြား အခွင့်အလမ်းတန်းတူညီမျှမှု မရှိတော့ကြောင်း ဝေဖန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

(ဓာတ်ပုံ စစ်အုပ်စု မီဒီယာ)

ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့ပေမယ့် 68 Residence စီမံကိန်းအတွက် ကမ္ဘောဇဘဏ်ကို ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ပေးရန် အကြွေးရှိနေတာကြောင့် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) နဲ့ ငြိစွန်းတယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာ ဒေါ်သက်သက်ခိုင်ကို ဖမ်းဆီးထားတာမဟုတ်ဘဲ ခေါ်ယူမေးမြန်းနေခြင်းသာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပါတီဝင်တွေကတော့ ယခုအချိန်အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဆို ကြပါတယ်။

ဒါအပြင် ရွေးကောက်ပွဲ နှောင့်ယှက်မှုနဲ့ အမှုဖွင့်ခံရနိုင်တာ ကြောင့်သူ့ရဲ့ ပါတီဝင်တွေက စိုးရိမ်နေကြတယ် လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ငလျင် အရေးပေါ်ကယ်ဆယ်ရေးငွေများကို ရွေးကောက်ပွဲ ပြုလုပ်ရန် အလွဲသုံးစားပြုလုပ်နေဟု ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့ ထုတ်ပြန်…

"ငလျင်ဘေးကူညီငွေများဖြင့် ပြုလုပ်မယ့် စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို ပြည်သူနှင့် အတူတကွ ဆန့်ကျင်ကြပါစို့" လို့ ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က တိုက်တွန်းထားပါတယ်။
Read More

အမျိုးသမီးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့တယ်လို့ အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်ခဲ့တာကြောင့် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ဆိုရှယ်မီဒီယာတွေကို စစ်တပ်က စောင့်ကြည့်နေပြီး ၃ လအတွင်း စစ်တပ်ကို ဝေဖန်သူ ၁၄၀ ကျော် ဖမ်းဆီးခံရ

ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကို ဝေဖန်လို့ သုံးလအတွင်း အရပ်သားပြည်သူ ၁၄၀ကျော်ကို စစ်ကောင်စီက မတရား ဖမ်းဆီးထားတယ်လို့ Myanmar Internet Project ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

တောင်တွင်းကြီးတွင် စစ်ကော်မရှင်တပ်က နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး၊ ဒေသခံများ ထွက်‌ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်တချို့ကို စစ်ကော်မရှင်တပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌နယ်ခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင် ဓားပြတိုက်ခံရ

လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင်ဟာ ဒီနေ့ မနက်အစောပိုင်းမှာ ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။
Read More

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဥ် (၃) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ရဲ့ အပတ်စဥ် (၃) အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။