ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်းအနောက်ခြမ်း၊ တောင်ပေါ်ဒေသ တွေမှာ ပြီးခဲ့တဲ့ (၂၀၂၅)တစ်နှစ်တာ အတွင်း အရှိန်အဟုန်မြင့် စစ်​ဆင်ရေးတွေ ဖော်ဆောင်နိုင်ခဲ့ကြောင်းနဲ့ အခြားတော်လှန်ရေး လုပ်ငန်းစဥ်တွေ တွဲဖက်လုပ်ကိုင် နိုင်ခဲ့တယ်လို့ လည်း PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က မောင်းကို ပြောပါတယ်။

PRA -Magway ဟာ တစ်နှစ်တာအတွင်း ခြုံခိုတိုက်ပွဲ(၉) ကြိမ်၊  ထိတွေ့တိုက်ပွဲ(၁၄) ကြိမ်နဲ့ စခန်းသိမ်းတိုက်ပွဲ (၃) ကြိမ်၊  စုစုပေါင်းတိုက်ပွဲ (၂၆) ကြိမ်ကို မဟာမိတ်တွေရော ၊ တပ်ဖွဲ့တစ်ဖွဲ့ထဲ သီးသန့် အနေနဲ့ပါဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲတွေထဲ အကြမ်းဖက် စစ်ကော်မရှင်ဘက်က အယောက် ၁၀၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ ၂ ယောက်အပါအဝင် စစ်သုံ့ပန်း ၆၃ ယောက်၊ အလင်းဝင်လာသူ ၄ ယောက်နဲ့ လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်  စုဆောင်းရေးနဲ့ လေ့ကျင့်ရေးကဏ္ဍပိုင်းတွေ အတွက်ကိုလည်း အခုနှစ်(၂၀၂၆) အတွင်း ပိုပြီး ဖြည့်တင်းလုပ်ဆောင် သွားမယ်လို့လည်း ပြောဆိုခဲ့ ပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေနဲ့ နွေဦးတော်လှန်ရေးနဲ့ အတူ ပေါ်ပေါက် လာခဲ့တာဖြစ်ပြီး မကွေးတိုင်းအနောက်​ဘက်ခြမ်း၊ မင်းဘူးခရိုင် အတွင်းက ငဖဲမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်တွေမှာ အကဲစမ်း တိုက်ပွဲ​တွေ၊ ခြုံခိုပြောက်ကျား တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ တာလို့ သိရပါတယ်။

ဒီနောက် (၂၀၂၅)ထဲမှာတော့ ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ မြို့နယ်တွေက တောင်​ပေါ်ဒေသတွေနဲ့ အမ်း-ပဒါန်းလမ်းပိုင်းတွေမှာ စစ်ရေးအရှိန်မြှင့် ဖော်ဆောင်နိုင်ခဲ့ကြောင်းနဲ့ အခြားတော်လှန် ရေးလုပ်ငန်းစဉ်တွေကိုပါ တွဲဖက်ထမ်းဆောင်ခဲ့ကြတယ်လို့ PRA -Magway စစ်ဦးစီးချုပ်ကပြောပါတယ်။

“၂၀၂၄ ထက်စာရင်စစ်ရေး လှုပ်ရှားမှုကပိုများခဲ့တယ်။ ဒါပေမယ့် အားမရခဲ့ပါဘူး။  ဖမ်းဆီးရမိတဲ့ စကမ ဗိုလ်ကြီးတွေကတော့တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၁၃တပ်ရင်း ကသူတွေပါ။” လို့ PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က မောင်းကို ပြောပါတယ်။

တပ်အနေနဲ့  ဖမ်းဆီးရမိထားသူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းပေးထားပြီး အလင်းဝင်ရောက်လာသူ ၄ ယောက်ကိုလည်း မိသားစုတွေနဲ့ တွေ့ဆုံပေါင်းစည်းနိုင်အောင် စီစဥ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

PRA -Magway တပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်

တဖက်မှာလည်း PRA-Magway အတွက် တိုက်ပွဲဖော်ဆောင်ပေးခဲ့တဲ့ ရဲဘော် ၃ ယောက် ကျဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ကြီးငယ်ရရှိ ခဲ့တယ်လို့ သိရပါတယ်။

“မနှစ်က စစ်ဆင်ရေးကို အဓိက အာရုံစိုက်ခဲ့ရတယ်။  စစ်ဆင်ရေး ကာလဖြစ်တာ လည်းပါမယ်။ လေ့ကျင့်ရေးပိုင်းက မှန်းသလောက် မဖြစ်ခဲ့ဘူးပေါ့။ ဒီနှစ်မှာတော့ လေ့ကျင့်ရေးနဲ့ အင်အားတိုးချဲ့ရေး အပိုင်းကို လုပ်သွားဖို့ရှိပါတယ်” လို့ PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း စစ်ဆင်ရေးနဲ့ အခြေခံဒေသ တည်ဆောက်ရေးတွေကိုသာ အဓိကအရှိန်မြှင့်ခဲ့ရ တာကြောင့် စုဆောင်းရေးနဲ့ လေ့ကျင့်ရေး ကဏ္ဍပိုင်းတွေမှာ အားနည်းခဲ့ရပြီး အခြေခံစစ်သင်တန်း အပတ်စဉ် (၇) နဲ့ (၈) ကိုပဲ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒီအရေအတွက်ဟာ သတ်မှတ်လျာထားချက် အောက် လျော့နည်းခဲ့တာကြောင့် အခုနှစ်ထဲ လေ့ကျင့်ရေးဌာနကိုမွမ်းမံရင်း စုဆောင်းရေးနဲ့ လေ့ကျင့်ရေးပိုင်းတွေကို ပိုပြီးဖြည့်တင်း လုပ်​ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

0 Shares:
You May Also Like
Read More

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီးစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်များ ​ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဒေသခံတွေက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ လာရောက်အပ်နှံ…

တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာတွေအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို တာဝန်သိ ပြည်သူတွေက ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆီ လာရောက်အပ်နှံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာန​ရဲ့ ဌာနမှူးတွေနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာဆို ခန့်အပ်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ​ရဲ့ Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာနစတဲ့ ဌာနနှစ်ခု​ရဲ့ ဌာနမှူး၊ ဒုတိယဌာနမှူးနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ခန့်အပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သဲကုန်းမြို့အဝင်အထွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ပေါင်းတည် PDF တိုက်ခိုက်၊ ၄ ဦး သေဆုံးဟု ဆို

ပဲခူးတိုင်း၊ သဲကုန်းမြို့ မြို့အဝင်အထွက် စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁ ) - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အင်အားဖြည့်ပြီး လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ အထက်မင်းလှ၊ ရှမ်းတပ်ရဲစခန်းက စစ်အုပ်စုတွေ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်မှာ စစ်အင်အားဖြည့်တင်းပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့ ရှမ်းတပ်ရဲစခန်းကို ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း United States Of Burma Army - USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်ဖွဲ့) တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 
Read More

မင်းအောင်လှိုင်၏ လုပ်ရပ်များအတွက် ဂုဏ်ယူသည်ဟု အငြိမ်းစား ထိပ်ပိုင်း စစ်တပ်အရာရှိများ ပြော

တိုင်းပြည်ကို မတရားအာဏာသိမ်းကာ နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို ဂုဏ်ယူတယ်လို့ အငြိမ်းစား စစ်တပ်အရာရှိတွေက ပြောကြားလိုက်ပါတယ်။