ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်မှာ ဇန်နဝါရီ ၁၃ ရက် ညနက်ပိုင်းက မြန်မာလူငယ်တစ်စုက အခြားလူငယ် ၁ ယောက်ကို ဓားနဲ့ ဝိုင်းခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဓားခုတ်ခံရတဲ့ လူငယ်ဟာ ကိုယ်ခန္ဓာအနှံ့ ဒဏ်ရာတွေ ရရှိပြီး စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်လို့ သိရပါတယ်။

ထိုင်းသတင်းဌာနတွေ ဖော်ပြတဲ့ CCTV မှတ်တမ်းဖိုင်ထဲမှာ ထွက်ပြေးလာတဲ့ လူငယ်ဟာ ဆိုင် တစ်ခုထဲ ဝင်ရောက်ဖို့ ကြိုးစားရာက နေလူတစ်စုရဲ့ ဖမ်းဆီးမှုခံရပြီး ဓား၊ တုတ်တွေနဲ့ အကြိမ်ကြိမ်ဝိုင်းဝန်း ရိုက်နှက်တာကို ခံခဲ့ရတာကို တွေ့ရပါတယ်။

ဝိုင်းဝန်းရိုက်နှက်သူတွေဟာ မြန်မာလူမျိုးတွေဖြစ်ပြီး မူးယစ်သောက်စား ထားကြတယ်လို့လည်း သိရပါတယ်။

ခေါက်ဆွဲမှာ အလုပ်လုပ်ကိုင်တဲ့ မိန်းကလေးကို သူ့ရဲ့ ချစ်သူက လာကြိုရာကနေ မိန်းကလေးကို တစ်ဖက်သတ်ချစ်ကြိုက်နေသူက  အပေါင်းအသင်းတွေ ခေါ်ဆောင်ကာ အခုလို ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက လိုက်လံစုံစမ်းနေပြီး အမြန်ဆုံးဖော်ထုတ်နိုင်ဖို့ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

Video – น้าหนวดนิวส์

0 Shares:
You May Also Like
Read More

ကန်နီပျူစခန်းသို့ ရိက္ခာပို့တဲ့ စစ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ ကန်နီပျူစခန်းကို ရိက္ခာပို့ဖို့လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းကို ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်ဆက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ယောက် သေပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myaing Supporting Battalion အဖွဲ့ထံက သိရပါတယ်။
Read More

စခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာကြီး (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စခန်းသိမ်းတိုက်ပွဲဆင်နွှဲစဉ် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက  ရဲဘော် ယွန်းချစ်သဲ (ခ) လိပ်ပြာ ကြီး ကျဆုံးခဲ့ရတယ်လို့ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊ တပ်ခွဲ(၂) ထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအား ပျောက်ကြားတိုက်ခိုက်မှု ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းအား တော်လှန် ရေးတပ်တွေက အသင့်စောင့်ဆိုင်းပြီး ပျောက်ကြားတိုက်ခိုက်ခဲ့ရာ ၂ ယောက်သေပြီး ၈ ယောက် ဒဏ်ရာရရှိသွားတယ်လို့ မြိုင်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမှ မုံရွာသို့ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ယာဉ် ၁၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်  မုံရွာ-မန္တလေး လမ်းပိုင်းမှာ  ဇန်နဝါရီ ၂၂ ရက်က Acid Tanker Trucks ယာဉ်များ၊ Jumper ယာဉ် ၈ စီးအပါအဝင် အရာရှိတွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ မှန်လုံယာဉ် ၃ စီးတို့အား ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group တပ်ဖွဲ့ထံက သိရပါတယ်။
Read More

၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ပြောကြားသော အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ၏ မိန့်ခွန်း

"တော်လှန်ရေးရဲ့ ဦးတည်ချက်ဖြစ်တဲ့ အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်တွေဟာ ပြည်သူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို အာမခံပေးနိုင်မယ့် နိုင်ငံတော်တစ်ရပ်ကို တည်ထောင်နိုင်ဖို့ ရည်ရွယ်ရင်း ဖြစ်ပါတယ်”
Read More

ဗန်းမော်တိုက်ပွဲမှာ KIA ထံ အလင်းဝင်လာတဲ့ အောင်မိုးသက်တို့ရဲ့ ထွက်ဆိုချက် (ရုပ်/သံ)

'၁၀ တန်းဖြေနေတုန်းကို ကျူရှင်က ပြန်လာတာ ည ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ရှိပြီ။ ပတ်ကင်း ကားနဲ့ တွေ့တာ။ သူတို့က မူးမူးနဲ့ ဖမ်းတာ။ အုပ်ကြီးကလည်း လူလိုနေတော့ ကျွန်‌တော်ကို မျက်စိ ကျသွားတာထင်တယ်။ ကျွန်တော်စာမေးပွဲဖြေနေတယ်လို့ ‌ပြောလဲမရဘူး။ ရတယ်၊ ဘာမှာမဖြစ်ဘူး ၂ နှစ်ဆိုတာ ခဏပဲ ထည့်လိုက်တာ''