ပဲခူးတိုင်း ၊ ညောင်ပေးပင် ( ခလယ်လွီထူ)ခရိုင်ထဲကို အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ KNU ‌ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁၁ နာရီ‌ကျော် လောက်မှာ  နတ်သံကွင်းရွာ မှာရှိတဲ့ စစ်အုပ်စုက ဖိုးတကျေးရွာထဲကို ဒရုန်းဗုံးသီး (၂)လုံး ပစ်ခတ်ခဲ့တဲ့ အတွက် မသန်းကြွယ်(၄၀)နှစ် ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

အဲဒီနောက် မနက် ၁၂ နာရီလောက်မှာ လည်းစစ်အုပ်စုဟာ ၁၂၀ မမလက်နက်ကြီး ၂ လုံးနဲ့ ရွှေတဲစုကျေးရွာထဲကို ထပ်မံ ပစ်ခတ်ခဲ့တဲ့ အတွက် စောဖားလား (၃၇) နှစ်ကိုထိမှန်ပြီး နေအိမ်တစ်လုံးနဲ့ နွားနှစ်ကောင် ထိမှန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၁၀ ရက်မနက် ၁၀နာရီ ၄၅ မိနစ်လောက်ကလည်း နတ်သံကွင်းရှိစစ်အုပ်စုက ကင်မွန်းခြုံကျေးရွာထဲကို ဒရုန်းဗုံးသီး (၇) လုံးနဲ့ပစ်ခတ်ခဲ့တဲ့ အတွက် ဒေါ်ခင်မာဦး (၅၇) နှစ်၊ ဦးဌေးမြင့် (၅၆) နှစ်၊ မစုမွန်အောင် (၈) နှစ်တို့ ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ သူတို့ထိန်းချုပ်ရာ ဒေသတွေမှာ အတုယောင်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေးအတွက် ငြိမ်းချမ်းနေတဲ့ ပုံစံမျိုး ပြုလုပ်ထား‌ ပေမယ့်လည်း ကော်သူးလေထိန်းချုပ်မှုနယ်မြေတွေနဲ့  တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်တဲ့ ဒေသတွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

အဲ့ဒီဒေသတွေမှာ နေထိုင်တဲ့ အရပ်သား ပြည်သူလူတွေကိုတော့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု‌ တွေကိုအဆက်မပြတ်ကျူးလွန်နေတယ် လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုများအား တွေ့ရစဥ် (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

မိုးဗြဲကို ရဖို့ အလုံးရင်းနှင့်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ ထိခိုက်မှုအများအပြားဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအများပြားနဲ့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်- ၁ ဗျူဟာ၊ PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်အာဏာရှင်ကို ခေါင်းဆောင်ပီသစွာ တွန်းလှန်ရင်း ကျဆုံးခဲ့ရတဲ့ ဗိုလ်ပေတ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေအတွင်း အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့  ခေါင်းဆောင် ကိုပေတ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ယောက် ကျဆုံးခဲ့ကြောင်း တပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Read More

PDF တွေကို ရက် (၅၀) တစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိတယ်လို့ NUG ပြော

နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

လားရှိုးက နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်တပ်မတော် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က နည်းပညာအထက်တန်းကျောင်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက ထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့မှာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်၊ စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးဗြဲမြို့အတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့ (MPRT) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်စီးလို့ မီးဘေးသင့်ခဲ့တဲ့ ဘုတလင်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကို အခြေခံစားသောက်ကုန်တွေ လှူဒါန်း…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့လို့ မီးဘေးသင့်နေတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေကို စစ်ကိုင်း ပြည်သူ ဖေးမကူ ကွန်ယက် အလှူရှင်တွေကိုယ်စား The Helpers For Spring အဖွဲ့က အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။