ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့မှာ ‘Reject the Illegal election’ စာတန်း ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တဲ့ အမျိုးသားတစ်ယောက်ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးလိုက်တယ် လို့ Rangoon Scout Network ဆီက သိရပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနေချိန် ဇန်နဝါရီ ၁၁ ရက် မနက် ၉ နာရီလောက်မှာ အသက် (၂၁) အရွယ် ကိုမင်းထက်ဟာ ‘Reject the Illegal election’ စာတန်း ကိုင်ဆောင်ပြီး မြို့တော်ခန်းမရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ဆန္ဒထုတ်ဖော်နေချိန် အကြမ်းဖက်စစ်တပ်က ကိုမင်းထက်ကို လာရောက်ဖမ်းဆီး သွားတယ်လို့ သိရပါတယ်။

သူဟာ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်မှာ နေထိုင်သူတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြသည့် အမျိုးသားအား တွေ့ ရစဥ်

“ထိုင်ခုံမှာထိုင် ဆိုင်းဘုတ်လေးကိုင်ပြီး ဆန္ဒထုတ်ဖော်နေတာပါ။ စစ်တပ်က ဝင်ဖမ်းသွားကြတယ်။ သူက ဘယ်အဖွဲ့ကလဲဆိုတာမျိုး ပြောတာတော့ မသိရဘူး။ တကိုယ်တော် ဆန္ဒပြတဲ့ ပုံစံမျိုးပဲ သိရပါတယ်။ မြို့တော်ခန်းမနားမှာ လုံခြုံရေး အမြဲချထားပါ။ ရွေးကောက်ပွဲလုပ်တဲ့နေ့ဖြစ်တော့ ပိုတောင် ချထားတယ်” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်ရှိမှာတော့ ကိုမင်းထက်ကို အကြမ်းဖက်စစ်တပ်က ကျောက်တံတားရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပြီး ဘယ်ပုဒ်မ နဲ့ အရေးယူ ထားတယ့ဆိုတာ  မသိရသေးဘူးလို့ ဆိုပါတယ်။

“သူ့ကို ဘာပုဒ်မှ ဆက်လုပ်မလဲဆိုတာတော့ မသိရသေးဘူး။ ရွေးကောက်ပွဲ နှောင့်ယှက်တဲ့ပုဒ်မပဲဖြစ်လိမ့်မယ် ထင်တယ်” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ကျောက်တံတား၊ သင်္ဃန်းကျွန်း၊ လှိုင်၊ သာကေတနဲ့ စမ်းချောင်းမြို့နယ်တွေမှာ ဖမ်းဆီးခံရသူ ၁၂ ယောက်အထိ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဒီဇင်ဘာလအတွင်း ဒုရဲအုပ် (၁) ယောက်အပါအဝင် စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံလာ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်သားနဲ့ ရဲ (၂၈) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြို့အဝင် စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

နတ်တလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (နတ်စစ်သည် တပ်ဖွဲ့) က အခြေခံ စစ်ပညာ သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မုံရွာ နမခကို ရှော့တိုက်ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ ဌာနချုပ် အဆောက်အဦးများ ထိခိုက်ပျက်စီးပြီး အရာရှိများအပါ သေဆုံးသူ ၂၂ ယောက်အထိ ရှိခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ဝန်းထဲကို ရှော့တိုက်ရော့ကတ်တွေ ပစ်ခတ်တိုက်ခိုက်မှုမှာ အဆောက်အဦးတွေ ထိခိုက်ပျက်စီးပြီး အရာရှိတွေအပါအဝင် သေဆုံးသူ  ၂၂ယောက်အထိရှိခဲ့တယ်လို့ Chindwin Rocket Brother-CRB တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာမှ ရေရှည်စစ်ဘေးရှောင် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာ ၂ ရွာက ရေရှည်စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သိန္နီမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင်အဆောက်အဦး အများအပြား ပျက်စီးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါအဝင် ဒေသဆိုင်ရာ အများပိုင်အဆောက်အဦး အများအပြား ပျက်စီးခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ထားပါတယ်။