စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက် အထွက်က စစ်အုပ်စုဂိတ် တိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေ ဆုံးသူတွေရှိတယ်လို့ ရေဦးကော်လံ စစ်ကြောင်းဆီက သိရပါတယ်။

ဇန်နဝါရီ ၈ ရက် မနက် ၅ နာရီလောက်မှာ ရွှေကျီးမင်းဂိတ်ကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် အပြန်အလှန်ထိတွေ့ ပစ်ခတ်မှု ၄၅ မိနစ်လောက် ဖြစ်ပွားခဲ့ပြီ အကြမ်းဖက်စစ်တပ် ဗိုလ်တစ် ယောက်အပါ ၉ ယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“ရွှေကျီးမင်းက အရင်ကကုန်စုံဆိုင်ပါ။ တိုက်မြင့်ဆိုတော့ သူတို့ အဲဒီမှာနေရာယူ ပြီးနေကြတာ။ တော်လှန်းရေးအစကတည်းက အဲဒီမှာသူတို့အင်အား ၅၀ အမြဲရှိတယ်။ ပစ်ခတ်တာမှာ  သေဆုံးမှုကိုတော့ ၉ ယောက်ကတော့ အနည်းဆုံး အတည်ပြုနိုင်တယ်”လို့ ရေဦးကော်လံစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ဂိတ်အတွင်းကျန်နေတဲ့ စစ်ကော်မရှင်တပ်သားတွေကတော့ ဆိုင်ကယ်တွေ နဲ့ ရေဦးမြို့ထဲကို ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင်  ပွိုင့် ၅ တင်လာတဲ့ကားကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်က ထပ်မံပစ်ခတ်ခဲ့ရာ ယာဉ်မောင်းထိမှန်သွားတာကြောင့်  ကားတိမ်းမှောက်ပြီး စစ်ကော်မရှင်တပ်သား လေးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကားကိုပစ်တဲ့အချိန် ကားမောင်းသူ ထိမှန်သေသွားတယ်။ အဲဒီမှာကားကထိုးရပ်သွားတာ။  ကားပေါ်ပါသူ ၄ ယောက်လုံး သေဆုံးပါတယ်” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း (၁၁) တပ်ရင်း (၁၄) တပ်ရင်း (၂၄) တို့နဲ့အတူ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ရေဦးစစ်ကြောင်းကတိုက်ပွဲ ဖော်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းရေပိုင်နက်အတွင်းက ငါးဖမ်းသင်္ဘောတွေကို စစ်ကောင်စီရေတပ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး

ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းသင်္ဘော ၃ စင်းကို စစ်ကောင်စီရေတပ်သင်္ဘောက စနေနေ့အစောပိုင်းမှာ ပစ်ခတ်ခဲ့ရာက သင်္ဘောသားတစ်ဦး သေဆုံးပြီး ၃၁ ဦးကို ဖမ်းဆီးခံခဲ့ရပါတယ်။
Read More

လယ်ဒိုမြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရ

KNU တပ်မဟာ ၂ ထိန်းချုပ်ရာ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင် ၊ လယ်ဒို မြို့အတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရရှိပြီး လူနေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

အဖွဲ့အစည်းစွဲများကြောင့် တော်လှန်ရေးအောင်နိုင်ရန် ခက်ခဲနေကြောင်း KNDF ဒုစစ်ဦးစီးချုပ် မာဝီ ပြော

အကြမ်းဖက်စစ်အာဏာရှင်ကို အောင်နိုင်ရေးအတွက် စည်းလုံးမှု၊ ရင်းမြစ်တွေ ထုတ်သုံးနိုင်မှုအပြင် အဖွဲ့အစည်းစွဲ၊ အဖွဲ့အစည်းဗဟိုပြုမှုတွေ မရှိမှ ဖြစ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။
Read More

လောင်းလုံးမြို့နယ်တွင် ဆိုင်ကယ် ခိုးသူ ၂ ဦးကို မြို့နယ် ပလဖ ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျေးရွာတစ်ရွာမှာ ဆိုင်ကယ်ခိုးသူ ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးလို့ နိုင်ကျဉ်းတစ်ယောက် ဆီးကျောက်ရောဂါနဲ့ ကျဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

KNDF တပ်ရင်း (၂) မှ တပ်ရင်းအရာရှိများက တပ်ခွဲမှူးနှင့် ရဲဘော်များကို တွေ့ဆုံခဲ့

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၂) က တပ်ရင်းအရာရှိတွေဟာ တပ်ရင်းအတွင်းရှိ တပ်ခွဲတွေက တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေကို ဖေဖော်ဝါရီလ ၁၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း (၂) က ဒီနေ့ ထုတ်ပြန်ပါတယ်။