ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ ရန်ကုန်  မန္တလေး လမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ခဲရာ ဗိုလ်မှူးအဆင့်ရှိသူ (၁)ယောက် အပါအဝင် (၂၀) သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က စစ်ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိသူ (၁)ယောက် အပါအဝင် (၂၀) သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

” ရန်သူအင်အားကတော့ ၁၅၀ ဝန်းကျင်လောက်ရှိပါတယ်။   ၂၀ ဦးသေဆုံးတယ်ဆိုတာ မျက်မြင်ပါ။ ဒီထက်ပိုပြီး တော့လည်း များနိုင်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာတော့ အခြေအနေတွေ ဒီတိုင်းအခြေအနေပဲ ရှိနေပါတယ် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၂ စစ်ဆင်ရေနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်း ကပြောပါတယ်။

တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဟာ အများအပြားထိခိုက်ဒဏ်ရာရရှိကာ ကစဉ့်ကလျား စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေး သွားခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၂) တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း(P-29914)၊ ဗျူဟာ(၂၆) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၇၀၃) တပ်ရင်း(Fire Dragon)၊ တော်ဝင်ဒေါင်းတပ်ရင်း(P-29913) တွေက ဇန်နဝါရီလ (၁၂)ရက်နေ့မှာ တိုက်ခိုက်ချေမှုန်းခဲ့တာလို့ သိရပါတယ်။

“ကျွန်တော်တို့ ပဲခူးတိုင်းထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာက အမှန်တိုင်းပြောရရင် ကျွန်တော်တို့ အစီစဉ်တွေထဲက တခုပါပဲ။ ဒါအမှတ် ၂ စစ်ဆင်ရေးအတွင်းမှာဆိုရင် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်ဆိုပြီးတော့ တိုင်း ၄ တိုင်းရှိပါတယ်။ အဲဒီ ကွတ်ကဲမှုထဲမှာ ရှိနေတဲ့ တိုင်း တတိုင်းထဲက လုပ်ဆောင်ချက် တခုပါပဲ။  ပြည်သူတွေ ဝမ်းသာစရာတွေ ရှိလာမှာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်-၂ စစ်ဆင်ရေနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက ပြောပါတယ်။

ဒါအပြင် အကြမ်းဖက်စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေ ကိုင်ဆောင် အသုံးပြုတဲ့ လက်နက်တွေ၊ ခဲယမ်းတွေနဲ့ အခြားစစ်သုံး ပစ္စည်းအများအပြား ကိုလည်း သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော် (၂)ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး (၃)ယောက် အနည်းငယ်ထိခိုက်ခဲ့တယ်လို့ လည်းသိရပါတယ်။

လက်ရှိအချိန် အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ရေးအခြေအနေတွေ ဆောင်ရွက်နေပြီး တိုက်ပွဲအနီးဝန်းကျင်က ပြည်သူတွေ၊ ခရီးသွားပြည်သူတွေ၊  လမ်းပိုင်းအသုံးပြု သွားလာနေသူတွေ  ဘေးကင်းလုံခြုံရေး သတိပြု သွားလာကြဖို့လည်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေက မေတ္တာရပ်ခံ အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လူးရွာမှာ တပ်စွဲထားသည့် စစ်အုပ်စုက ဒေသခံ ၅ ဦးကို သတ်ဖြတ်ကာ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊  နွားထိုးကြီးမြို့နယ်ထဲက ဝက်လူးရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို သတ်ဖြတ်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နွားထိုးကြီးနယ်ခံတွေဆီက သိရပါတယ်။
Read More

ကန့်ဘလူ၊ ကာဘိုးရွာက စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ကာဘိုးကျေးရွာမှာအင်အား၅၀နီးပါးနဲ့တပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးရဲဘော်တွေကပြီးခဲ့တဲ့ရက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ကမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် PDF တိုက်ပွဲဖြစ်၊ စစ်အုပ်စုဝင် ၂၀ ဦးခန့်သေဆုံး သတိလစ်နေသည့်ရဲဘော်ကို ကယ်ထုတ်သော PDF ရဲဘော်မိုးသီး တိုက်ပွဲအတွင်းကျဆုံးခဲ့

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်အရှေ့ဘက်ကမ်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PDF တပ်ရင်းများ ထိတွေ့တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ရာ၊ စစ်အုပ်စုဝင် ၂၀ ခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဖက်မှလည်း နှစ်ဖက်ပစ်ခတ်မှုပြင်းထန်နေချိန်အတွင်း သတိလစ်မေ့မျောနေတဲ့ ရဲဘော်ကို သွားရောက်ကယ်ထုတ်တဲ့ ရဲဘော်မိုးသီး ဗိုက်ကိုကျည်ထိမှန်ခဲ့ပြီး၊ ရရှိတဲ့ဒဏ်ရာနဲ့ ၂ရက်အကြာမှာ ကျဆုံးခဲ့ရတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း-၃၅၀၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်တော်မြို့နယ် စာသင်ကျောင်းပေါ် စစ်တပ် ဗုံးကြဲလို့ ၁၈ ဦး သေဆုံးမှုကို AA ၏ မူးယစ်ဂိုဏ်းစခန်းကို တိုက်ခိုင်ခြင်းသာဖြစ်ဟု စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသားကျောင်းသူတွေ အပါအဝင် ၁၈ ယောက် သေဆုံးခဲ့မှုကို AA စခန်းကို ဗုံးကြဲရှင်းလင်းတာသာ ဖြစ်ကြောင်း စစ်တပ်ထောက်ခံတဲ့ လူမှုကွန်ရက်ချန်နယ်တွေက သတင်းအမှား ဖြန့်ဝေနေပါတယ်။
Read More

အရပ်သားဟန်ဆောင် ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရေးဘီလူး တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးသင်တန်းဆင်း ရဲမေအပါ စစ်သား ၅ ယောက်သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးသင်တန်းဆင်းရဲမေ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို ပစ်သည့် ကျည်တိုင်းသည် တရားသောစစ် ဖြစ်ကြောင်း NUG ကာကွယ်ရေးဒုဝန်ကြီး ပြော

အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တဲ့ ကျည်တစ်တောင့်စီတိုင်းဟာ တရားသောစစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွက်က PDF တပ်မတော် (၄) နှစ်ပြည့်မှာ ပြောကြားလိုက်ပါတယ်။