ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ CNO/CNDF ပြောရေးဆိုခွင့် ရှိသူ ဆီက သိရပါတယ်။ 

ဇန်နဝါရီ ၁၁ ရက် ညပိုင်းက ဗုံးကြဲခဲ့တာဖြစ်ပြီး ဆေးပေးခန်းတွေနဲ့ နေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ 

“ဆေးရုံ နဲ့ ဆေးရုံဝန်းထဲမှာရှိတဲ့အိမ်တွေကတော့တော်တော်လေးပျက်ဆီးသွားတယ်။  လူကတော့ ထိခိုက်မှုမရှိဘူး။ ထိတွေ့ပစ်ခတ်မှုလည်းမရှိပါဘူး” လို့ ချင်းနယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က မောင်းကိုပြောပါတယ်။

အဲဒီတိုက်နယ်ဆေးရုံဟာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်သားတွေ အထိုင်ချတပ်စွဲခဲ့တဲ့ နေရာတစ်ခု ဖြစ်တဲ့အတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့အထိသာ တော်လှန်ရေးရဲဘော်တွေ နေထိုင်ခဲ့တာလို့ ဆိုပါတယ်။

“အရင်က ဒီနေရာမှာ  ရဲလုံခြုံရေးဂိတ်စစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒါကို CNDF က သိမ်းပိုက်လိုက်တယ်။   အဲဒီနေရာမှာ CNDF တွေက ဖလန်းမြို့မ သိမ်းခင်အထိတော့  လုံခြုံရေး နဲ့ တပ်သားတွေ ချထား တာရှိပါတယ်။  မြို့သိမ်းပြီးနောက်ပိုင်းမှာ တပ်သားတွေချထားတာ မရှိဘူး စစ်ရေး လုပ်ရှားမှုလည်းမရှိဘူး” လို့ CNO/CNDF ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

Video – ပေးပို့

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်နေသည့် စစ်တပ်အထိုင်နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေစဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Sagaing District Drone Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့နယ် ထနောင်းဝင်းကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းဝင်းကျေးရွာမှာ ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Three Stars People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

သရက်ကွပျူစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့မှု မှတ်တမ်း (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကွပျူစခန်းကို  တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်၏ လက်နက်ကြီးကျည် လူနေရပ်ကွက်ထဲ ကျရောက်ခဲ့သည့် မှတ်တမ်းရုပ်သံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်မှာ နိုဝင်ဘာ ၂၁ ရက် မနေ့ညပိုင်းက လက်နက်ကြီးပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

Sky Villa ကွန်ဒိုကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေ၊ ရုပ်အလောင်း ၄ လောင်း ထပ်မံတွေ့ရှိ (ရုပ်/သံ)

ပြင်းထန်တဲ့ငလျင်နဲ့ ကြုံတွေ့ခဲ့ရတဲ့ Sky Villa ကွန်ဒို ပြိုကျမှုက ပိတ်မိနေသူတွေကို ဒီနေ့ ဧပြီလ ၃ ရက်နေ့မှာ ဆက်လက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။