စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် ထားပါတယ်။

ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက တံတားဦးလေဆိပ်ကနေ တက်လာတဲ့ တိုက်လေယာဉ် ၁ စီးဟာ ဒီပဲ ယင်းမြို့နယ် မူးကမ်းကြီးရွာ စာသင်ကျောင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရတဲ့ စာသင်ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူတွေလည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Video – Thet Paing

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဟိန်းမင်းထက်၏ ပြောကြားချက် (ရုပ်/သံ)

''ကျနော်တို့ နေ့စဉ်လုပ်နေရတဲ့အလုပ်တွေ၊ နေ့စဉ်နားထောင်နေရတဲ့ဟာတွေ တာဝန်တွေက အဓိပ္ပာယ်မရှိဘူးထင်လို့ အလင်းလာဝင်တာ။ စကစဝါဒဖြန့်ထားတဲ့ဟာက အမှားကြီးပေါ့။ သူတို့က အောက်‌ရောက်ရင် သတ်ပစ်တယ်ပြောတယ်။ အဲလိုမဟုတ်ပါဘူး။ အောက်ရောက်လို့ရှိရင် ကြိုဆိုမယ့်သူတွေက အများကြီးပါ။ လက်ဆွဲနှုတ်ဆက်မယ့်သူက အများကြီးပါ။ လာမယ်ဆို လာလို့ရပါတယ်''
Read More

လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းနဲ့ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၂၀ ‌ထက်မနည်းသေဆုံးပြီး လက်နက် ၈လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားတဲ့ စစ်တပ်စခန်းနဲ့ စစ်ကူစစ် ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးပြီး လက်နက် ၈ လက် သိမ်း ဆည်းရရှိခဲ့တယ်လို့ KNDF မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းရွာအကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ စစ်ကြောင်း ၅ ကြောင်းခွဲ စခန်းသိမ်းတိုက်ပွဲဆင်နွှဲ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်း ၅ ကြောင်း ခွဲကာ ဒီဇင်ဘာ ၇ ရက် မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ် ၆၀ ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့် ဝရမ်းပြေးတစ်ယောက် ရှိနေသည် (ရုပ်/သံ)

ကမ္ဘာ့အဆင့် ဝရမ်းပြေးတစ်ယောက် နိုင်ငံထဲတွင် ရောက်ရှိနေကြောင်း အစချီပြီး ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့ရဲ့ လူစည်းကားရာ နေရာတစ်ခုမှာ စစ်အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြဝတီ မင်းလက်ပံကျေးရွာအတွင်းရှိ ကျားဖြန့်အလုပ်ရုံကို KNU စီးနင်းမှု တရုတ်အပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအတွင်း DKBA လုံခြုံရေးယူပေးထားတဲ့ ကျားဖြန့် အလုပ်ရုံကို KNU က နိုဝင်ဘာ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန်ဂေါ့မြို့နယ် မြောက်ခင်ရန်းပျူစခန်းကနေ ထွက်လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက Fixed Wing ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။