ကရင်အမျိုးသား အစည်းအရုံး KNU၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်က အကြမ်ဖက်စစ်တပ် တပ်သား ၃ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့  KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ KNU မြိတ်ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ အာဏာသိမ်းအကြမ်းဖက်တပ် တပ်ဖွဲ့ဝင်တပ်သား(၃)ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄), တပ်‌ရင်း(၁၁)ဆီ အလင်းဝင်ဘက်ပြောင်း ခိုလှုံလာတယ်လို့ ဖော်ပြထားပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ တနောသရီမြို့နယ်အတွင်း ဇန်နဝါရီလ(၁၀)ရက်နေ့မှာ အာဏာသိမ်း အကြမ်းဖက်တပ် တပ်ရင်း(ခလရ-၂၆၅) ကတပ်သား(၂) ယောက်အလင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ(၁၁)ရက်နေ့မှာလည်း  အာဏာသိမ်း အကြမ်းဖက်တပ် တပ်ရင်း(စအရ-၉၁၈)က တပ်သား(၁)ယောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ တပ်ရင်း(၁၁)ဆီ MA3 (၁)လက်၊ ကျည်အပါဝင် ကျည်ဘောက်(၁)ခု နဲ့ အလင်းဝင် ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

‎အလင်းဝင်ဘက်ပြောင်း ခိုလှုံခဲ့တဲ့ တပ်သား(၃)ယောက်ဟာ အာဏာသိမ်းတပ်က  အတင်းအဓမ္မဖမ်းဆီ စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားတွေလို့ ဆိုပါတယ်။

‎အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ် အတွင်းက တပ်သားတွေ အနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီ ရရာနည်းနဲ့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက တိုက်တွန်း ထားပါတယ်။

‎‎

ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် K.N.L.A တပ်မဟာ(၄)၊ တပ်ရင်း(၁၁)၊ ထံသို့ ဘက်ပြောင်းခိုလှုံသည့် အာဏာသိမ်းတပ် တပ်သား (၃) ဦးအား တွေ့ရစဥ် (ဓာတ်ပုံ KNU – Mergui-Tavoy District)

0 Shares:
You May Also Like
Read More

ကျိုက်မရော ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ယောက် သေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ကဒါကျေးရွာနဲ့ တောင်ကလေးကျေးရွာက ရဲစခန်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) က ထုတ်ပြန်လာပါတယ်။ 
Read More

ဟားခါးမှာ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်၊ ကျပ်သိန်း ၄၀ ဆု ချီးမြှင့်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့ အလင်းဝင်ရောက်လာတာကြောင့် ကျပ်သိန်း ၄၀ ဆုချီးမြှင့်ခဲ့တယ်လို့ Senthang Revolution Force က ထုတ်ပြန်ထားပါတယ်။
Read More

၄ လတာအတွင်း ထိတွေ့တိုက်ပွဲများစွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား ထိခိုက်သေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ ထုတ်ပြန် 

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုဝင်ဘာလအထိ ၄ လတာအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ များစွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားသလို လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ပခုက္ကူ၊ ရှင်မကန်ရွာရှိ စစ်အုပ်စုကို တော်လှန်ရေးတပ်များ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေရှိရာ ရှင်မကန်ရွာကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်မှုတွေရှိကြောင်း Cobra One တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံး… အဆိပ်ပါတဲ့ လက်နက်ကြီးတွေကိုပါ စစ်တပ်က အသုံးပြုတိုက်ခိုက်နေ…

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ PNO ပြည်သူ့စစ် တိုက်ပွဲတွေအတွင်း အယောက် ၂၀၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - PNLA သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ KIA တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ရက် မနက််ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။