မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းပျူစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိသွားတယ်လို့ မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 

ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်၊ မနက်အစောပိုင်းမှာ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာအတွင်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဟာ ၁နာရီကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား၂ ယောက် သေဆုံးကာ ၅ယောက် ထိခိုက်ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။

“အဲဒီစခန်းမှာက သူတို့ အင်အားက ၂၀ကနေ ၃၀ကြားရှိတယ်။ မြို့အခြေက ကျေးရွာဖြစ်တဲ့အတွင် တပ်ကူတွေက ၁၅ မိနစ်အတွင်းရောက်နိုင်တယ်။ စစ်တပ် အခိုင်မာ တပ်စွဲထားတဲ့ ကောလိပ်နဲ့ တစ်မိုင်ပဲဝေးတာပါ” လို့  မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်းမှူး သိကြားက မောင်းကို ပြောပါတယ်။ 

ရှေ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရွှေညောင်ပင်တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဟာ စစ်ကူတာတဲ့ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တာကြောင့် အနီးနားမှာရှိတဲ့ စစ်သားတွေဟာ စစ်ကူမလာနိုင်ကြဘူးလို့ သိရပါတယ်။ 

တပ်ရင်းမှူး သိကြားက  “အဲ့တာကြောင့်လည်း ဘန်ကာဂိတ်စခန်းကိုကျော်ပြီး ပျူခေါင်းဆောင် အောင်ကျော် အိမ်ထိ ရောက်ခဲ့ပြီး ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာနေရာ အနီးတဝိုက်က ပြည်သူတွေကို ဖယ်ခိုင်းပြီး အကြမ်းဖက်စစ်တပ်က အင်အား အများအပြားနဲ့ ရောက်ရှိ တပ်စွဲနေတယ်လို့ ကနဦး သိရပါတယ်။ 

ပျူ၊ စစ်သားတွေရဲ့ အနီးအနား နေရာတွေဟာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့်  အနီးးအနားမှာ မနေကြဖို့ ပြည်သူတွေကို  မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်းက အသိပေးထား ပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် (၂) တပ်ရင်းနဲ့အတူ မြင်းခြံခရိုင် တပ်ရင်း (၁)၊ OneMore စစ်ကြောင်း၊ ထနောင်းမြေစစ်ကြောင်း၊ မိုရှည်ဒါးယမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ ပတ္တာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့နယ်၊ တောင်စုကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့သည့် အသက် ၂၅ နှစ်အရွယ် တော်လှန်ရဲဘော်ရဲ့ စျာပနအခမ်းအနား…

ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဖာပွန်ခရိုင် တပ်ရင်း ၁ (တပ်ရင်း-၇၀၀၁) Spring Warriors Column က မနေ့က ထုတ်ပြန်ပါတယ်။
Read More

သီးလုံးကျေးရွာ ပျူစောထီးစခန်းကို RPG ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက သီးလုံးကျေးရွာက ပျူစောထီးဘန်ကာစခန်းကို RPG ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထီဘောဂေါ် စစ်ဘေးရှောင်စခန်းမှာ မိဘမဲ့ကလေးတွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိနေ

ကရင်ပြည်နယ်၊ ဝေါလေကျေးရွာအနီးမှာရှိတဲ့ ထီဘောဂေါ်စစ်ဘေးရှောင်စခန်းက မိဘမဲ့ကလေးငယ်တွေအတွက် စားနပ်ရိက္ခာ အခက်အခဲတွေရှိနေကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတွေဆီက သိရပါတယ်။ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မိဘမဲ့ဖြစ်နေကြရပြီး စစ်ဘေးရှောင်ရင်း မူလတန်းပညာသင်ကြားနေရတဲ့ ဒီကလေးငယ်တွေဟာ ရေဘေးဒဏ်တွေကိုပါ ထပ်မံခံစားနေရတာ ဖြစ်ပါတယ်။
Read More

စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် ဒေါနစစ်ကြောင်းထံ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ (၃၃) နယ်မြေအတွင်းက ဒေါနစစ်ကြောင်း စစ်ရေးလှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့် အရာရှိ ၂ ယောက် အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

သမိုင်းဝင် ခြံအမှတ် (၅၄) ကို စစ်ကောင်စီ သုံးကြိမ်တိုင် လေလံတင်ရောင်းချခဲ့သော်လည်း ဝယ်ယူမည့်သူ မရှိသေး

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သမိုင်းဝင် ခြံအမှတ် (၅၄) နေအိမ်ကို တတိယအကြိမ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရားရုံးက လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ဘူးလို့ သိရပါတယ်။
Read More

ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား၊ အဆိုပါ ကိုယ်စားလှယ်လောင်းက မဘသ သတင်းထောက်အား ရွေးကောက်ပွဲဥပ‌ဒေဖြင့် တရားပြန်စွဲ

မဲဆွယ်စည်းရုံးရေးပြောဆိုချက်တွေဟာ တော်လှန်ရေးနဲ့ဆက်နွယ်တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင် (UEC) ထံ စွပ်စွဲမေးမြန်းခဲ့တဲ့ မဘသ သတင်းထောက် နောင်တော်လေးကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူပေးဖို့ ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးလွင်မြင့်က စစ်အုပ်စုလက်ပါးစေ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။