အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ကြားနာမယ့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး တရားမဝင်စစ်အုပ်စုကို တရားရုံးမှာ ကိုယ်စားပြုခွင့် မပေးသင့်ကြောင်းနဲ့ ICJ ကြားနာမှုမှာ စစ်တပ်ရဲ့ တင်ပြချက်တွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုမှာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် ဇန်နဝါရီလ ၁၃ ရက်ကနေ ၂၉ ရက်ထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရား ရုံးမှာ မြန်မာ့အရေး တတိယအကြိမ်ကြားနာမှုကို ပြုလုပ်သွားဖို့ရှိနေပြီး နှစ်နိုင်ငံကိုယ်စားလှယ်တွေရဲ့ လျှောက်လဲချက်တွေနဲ့ သက်သေတွေကို တံခါးပိတ် ကြားနာမှုတွေ လုပ်ဆောင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီကြားနာမှုကို စစ်အုပ်စုကိုယ်စားလှယ်တွေအဖြစ် သမ္မတရုံးဝန်ကြီးဌာန ၂ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဥပဒေရေးရာဝန်ကြီး ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ခေါင်းဆောင်တဲ့အဖွဲ့က တက်ရောက်ဖို့ ရှိနေခဲ့တာဖြစ်ပြီး၊ အဆိုပါစစ်အုပ်စုကိုယ်စားလှယ်များ နယ်သာလန်နိုင်ငံကို ထွက်ခွာသွားကြပြီဖြစ်တယ်လို့ စစ်လော်ဘီသတင်းများက ဆိုပါတယ်။

သံအမတ် ကြီး ဦးကျော်မိုးထွန်းသာ ICJ မှာ မြန်မာနိုင်ငံကိုယ်စားပြု လုပ်ပိုင်ခွင့်ရှိတဲ့ အစားထိုးကိုယ်စားလှယ်( Additional Alternate Agent) ဖြစ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ နဲ့ ICJ မှာ ကြားနာမယ့်အမှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို ခွင့်မပြုသင့်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ICJ တာဝန်ရှိသူ Mr. Philippe Gautier နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးကို စာပေးပို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“အကြမ်းဖက်စစ်တပ်အား နိုင်ငံတကာတရားရုံး (ICJ)တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးခြင်းသည်ရိုဟင်ဂျာ ပြည်သူများနှင့် မြန်မာပြည်သူအားလုံး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော လုပ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာတရားရုံး (ICJ)အား မြန်မာပြည်သူများ၏ အသံကို နားထောင်ရန် တိုက်တွန်းပါသည်” လို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းထားခဲ့ပါတယ်။

ICJ မှာ ကြားနာမယ့် ဂမ်ဘီးယား-မြန်မာ တရားစွဲဆိုမှုတွေနဲ့ စပ်လျဉ်းတဲ့ လုပ်ပိုင်ခွင့်အားလုံးဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့သာ သက်ဆိုင်ပြီး တရားမဝင် အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြချက်တွေဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုမှာ မဟုတ်ဘူးလို့ NUG က ထုတ်ပြန်အသိပေးခဲ့တာပါ။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံကိုဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုထားခဲ့တာဖြစ်ပြီး အခု တတိယအကြိမ်ကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စားလှယ်တွေက လာမယ့် ဇန်နဝါရီ ၁၆ ရက် ကနေ ၂၀ ရက်အထိတစ်ကြိမ်၊ ၂၈ ရက်ကနေ၂၉ ရက်အထိတစ်ကြိမ်၊ စုစုပေါင်းနှစ်ကြိမ် လျှောက်လဲရမှာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read More

မြန်မာပြည်သူတွေဟာ ကုလအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးသွားပြီဟု ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်သူတွေဟာ ကုလသမဂ္ဂအပေါ် မျှော်လင့်ချက်နဲ့ ယုံကြည်မှုတွေ လျော့ပါးလာတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီကို ဖိအားပေးလည်း ဘာမှမထူးဘူး .. မြန်မာနိုင်ငံက အဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးရေးတွေအတွက် ဦးဆောင်ကြိုးပမ်းမှုတွေကို ၁၀နှစ်ကျော်အကြာမှ ပြန်လည်လုပ်ဆောင်ခွင့်ရတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်က ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောဆိုခဲ့ကြောင်း The Nation သတင်းက ဖော်ပြထားပါတယ်။
Read More

တရုတ်နိုင်ငံသားတွေကို အလုံးအရင်းလိုက် နေရပ်ပြန်ပို့ရေး စီစဉ်ဖို့ တရုတ်ဒုဝန်ကြီး မဲဆောက်သွား

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လက်နက်များရောင်းချပေးနေသည့် ဘီလာရုစ်နိုင်ငံသို့ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအချို့ လက်မှတ်ရေးထိုး

စစ်ကောင်စီကို စစ်လက်နက်တွေ ရောင်းချနေတဲ့ ဘီလာရုစ်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ သဘောတူစာချုပ်တချို့ လက်မှတ်ရေးထိုးသွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့  ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

အသတ်ခံရသည့် ဘီလာရုစ်မော်ဒယ် ထိုင်းကနေ အတင်းခေါ်သွားခံရခြင်းမဟုတ်၊ ထိုင်းရဲ့ လုပ်ပိုင်ခွင့်မဟုတ် ဟု ထိုင်းအာဏာပိုင် ပြောဆို

ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံသူ မော်ဒယ်တယောက်ဟာ မြန်မာပြည်ကို အတင်းအကျပ် ခေါ်သွားခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေက သတ်ဖြတ်ကာ ကိုယ်အင်္ဂါတွေ မှောင်ခိုရောင်းချခံခဲ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မဟုတ်မမှန်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က ငြင်းဆန်ထားပါတယ်။