စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲ့ စစ်ဆေးရးဂိတ် ၃ ခုကို NUG ခရိုင်တပ်ဖွဲ့ဝင်တွေက စီးနင်းရှင်းလင်းခဲ့တယ်လို့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

ဇန်နဝါရီလ ၉ ရက် ဒီနေ့မနက် ၆ နာရီလောက်မှာ ပုလဲမြို့နယ်ထဲက ဂိတ် နှစ်ခုနဲ့ ဆားလင်းကြီးမြို့ နယ်ထဲက ဂိတ်တစ်ခုကို တစ်ချိန်တည်း ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး ဝင်ရောက်ရှင်းလင်းချိန်မှာ ဂိတ်ထဲရှိ BNRA တပ်ဖွဲ့ဝင်တွေ နဲ့ အေးအေးဆေးဆေး ပြောဆိုပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

“အင်အားသုံး စီးနင်းခဲ့တာတော့ မဟုတ်ပါဘူး၊ ကျနော်တို့က တရားမဝင်ဂိတ်တွေ ရှင်းလင်းတယ်ဆိုတော့ သူတို့ BNRA ဂိတ်ကို ကျွန်တော်တို့သွားပြီး ညီလေးတို့ ဒီလိုဂိတ်တွေ ဒီလိုနေရာမှာ တရားမဝင်လို့ ဖျက်သိမ်းရမယ်လို့ အေးဆေးပြောဆိုပြီးတော့ ဖျက်သိမ်းခဲ့တယ် …အဲလိုပုံစံမျိုးပါပဲ” လို့ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့ မြေပြင်တပ်ရင်းမှူးတစ်ယောက်က မောင်းကိုပြောပါတယ်။

ဂိတ်စခန်းများကို ဝင်ရောက်ချိန်မှာလည်း BNRA ရဲဘော်တွေကို အကြမ်းဖက်အပြုအမူမျိုး မလုပ်ခဲ့သလို၊ ၎င်းတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောဆိုပြီး ဆောင်ရွက်ခဲ့ကြောင်း သက်သေခံအနေနဲ့တော့ ၎င်းတို့ရဲ့ လက်နက်တွေကို သိမ်းဆည်းခဲ့ကြောင်း ၄င်းကဆက်ပြောပါတယ်။

“ကျနော်တို့ကအထက်အမိန့်အရ ရှင်းလင်းရမယ်၊ ကျနော်တို့ ဖမ်းဆီးတာမရှိပါဘူး၊ ဘာမှကိုအကြမ်းဖက်တဲ့ကိစ္စတွေ မရှိပါဘူး၊ ကျနော်တို့ဘက်ကလည်း ပွတ်တိုက်မှု မရှိအောင်ရှင်းလင်းတဲ့သဘောပါဗျ” လို့အဆိုပါတပ်ရင်းမှူးက ပြောပါတယ်

ပြီဂခဲ့တဲ့ ဇန်နဝါရီ ၈ ရက်နေ့မှာ ဗိုလ်နဂါးက သူတည်ထောင်ထားတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်တွေက တိုက်ခိုက်ဖို့ အင်အားစုစည်းနေတယ်လို့ ၎င်းရဲ့လူမှုကွန်ယက်စာမျက်နှာက ရေးသားဖော်ပြခဲ့ပါတယ်။

သင်တန်းဆင်းပွဲတစ်ခုတွင်တွေ့ရသော BNRA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)



NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်ဆင့်လျှို့ဝှက်ညွန်ကြားမှုနဲ့ BNRA ကိုတိုက်ခိုက်ဖို့အတွက် အစည်းအဝေးပြုလုပ်ခဲ့ကြသလို တပ်အင်အားများပြင်ဆင်စုစည်းနေတယ်လို့လည်း ဗိုလ်နဂါးက ဆိုထားပါတယ်။

BNRA အနေနဲ့ အမှန်တရားနဲ့ ပတ်သက်ရင် ပွင့်လင်းစွာပြောဆိုလုပ်ဆောင်တာကလွဲပြီး စတင်ဖွဲ့စည်းခဲ့တဲ့ PPDF မှစပြီး ဒီနေ့အထိ ပြည်သူအပေါ်သစ္စာရှိရှိ ကြိုးစားလုပ်ဆောင်ခဲ့သလို ကြီးလေးတဲ့ အပြစ်တစ်စုံတစ်ရာမရှိ ပြည်သူကို ဖိနှိပ်အနိုင်ကျင့်တဲ့ အပြုအမူလည်းမရှိပဲ ကောင်းမွန်စွာ ရပ်တည်လာတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် NUG အနေနဲ့ ရှေ့တိုးလုပ်ဆောင်လာပါက လုံးဝလက်ခံမှာ မဟုတ်ကြောင်း ရေးသားထားခဲ့တာပါ။

အခုလို ဗိုလ်နဂါး ရေးသားထုတ်ပြန်ထားတာနဲ့ ပတ်သက်ပြီး ၄င်းတို့အနေနဲ့ BNRA ကိုတိုက်ခိုက်သွားဖို့ အစီအစဥ်မရှိသလို၊ အထက်ကလည်း တိုက်ဖို့ ညွန်ကြားထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

“ကျနော်တို့တိုက်ဖို့လည်း မရှိပါဘူး၊ ကျနော်တို့ကို အထက်ကလည်း ညွန်ကြားမထားပါဘူး၊ ခရိုင်အတွင်းမှာ ပြည်သူလူထု စိတ်အနှောက်အယှက်ဖြစ်စေမဲ့ ငွေကြေးကောက်ခံနေတဲ့ တရားမဝင်ဂိတ်တွေကို ကျနော်တို့က ရှင်းလင်းရမယ် ဆိုတဲ့စီမံချက်နဲ့ ကျနော်တို့လုပ်နေတာရှိပါတယ်။ ဗိုလ်နဂါးရဲ့ဂိတ်ရယ်လို့ မဟုတ်ပါဘူး၊ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်မရှိတဲ့ဂိတ်တွေ PDF ဂိတ်ပဲဖြစ်ဖြစ်၊ ပကဖ ဂိတ်ပဲဖြစ်ဖြစ် Local ဂိတ်ပဲဖြစ်ဖြစ်၊ BNRA ဂိတ်ပဲဖြစ်ဖြစ်၊ ဘယ်လိုဂိတ်ပဲဖြစ်ဖြစ် အဲတာတွေကို ကျနော်တို့စီမံချက်အရ ရှင်းလင်းမယ်” လို့ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့ အဆိုပါ တပ်ရင်းမှူးက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီမှာ အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ယူဖို့ စတင်ပြင်ဆင်နေ 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်က မြို့နယ်တွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့အတွက် စာရင်းကောက်ယူဖို့ ထွေအုပ်ရုံးတွေကနေ စတင် စာရင်းပြုစုတာတွေ လုပ်ဆောင်နေပြီလို့ ပြည်နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်း ဦးဆောင်သည့် PNO ပြည်သူ့စစ်က မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်က ကျေးရွာကို မီးရှို့ခဲ့တဲ့ ရုပ်သံ မှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို အရေးယူရာတွင် ပူးပေါင်းသွားမည်ဟု KNDF ထုတ်ပြန်

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေကို KNDF အနေနဲ့ ဖြစ်ရပ်၊ သက်သေတွေကို သိမ်းဆည်းထားပြီး ကျူးလွန်သူတွေအားလုံးကို ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF က ဆိုပါတယ်။
Read More

လက်ပံလှရွာ ရရှိပြီးနောက် စဥ့်ကူးမြို့ကိုပါ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုဆို

မန္တလေးတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်များ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်ခဲ့ပြီဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံမီဒီယာတွေနဲ့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကတဆင့် စဥ့်ကူးမြို့နယ်အတွင်းကို စစ်ကြောင်းခွဲပြီး စတင်ဝင်ရောက်နေခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့က မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်ရှိတဲ့ လက်ပံလှရွာကို ရရှိခဲ့သလို မ‌နေ့ ဒီဇင်ဘာလ ၁၉ရက်မှာတော့ စဥ့်ကူးမြို့ကိုပါ ရရှိသွားတာလို့ ပြောခဲ့ကြတာပါ။
Read More

စစ်ကောင်စီ၏ ထောင်အတွင်း ကျဆုံးခဲ့သည့် မဝတ်ရည်အောင်ကို ဒဂုံ တကသ မှ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း…

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခံရပြီး အင်းစိန်အကျဥ်းထောင်အတွင်း ကျဆုံးခဲ့တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေ လိုအပ်တဲ့ အခြေခံရိက္ခာတွေကို ကျောင်းသားလက်ရုံးတပ်တော် လှူဒါန်းပြီး လေကြောင်းအန္တရာယ် အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေ လှူဒါန်းပေးခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေးပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။