စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်မြို့နယ်လမ်းခွဲဂိတ်မှာ ပိုက်ဆံတောင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာ ကွယ်ရေးတပ် ‌ဗိုလ်တိုက်ဂါးက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၈ ရက် မနက်ပိုင်းက မြောင်လမ်းခွဲဂိတ်မှာ ပိုက်ဆံတောင်းဖို့ ထွက်လာတဲ့  ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတွေ သေဆုံးထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။

“ပုံမှန် ကား၃စီး၊ အင်အားကတော့ ၃၀‌ လောက်ပါတယ်။အခု ကားက ရှေ့ဆုံးကား၊ သူတို့ ပိုက်ဆံတောင်းတဲ့နေရာ မရောက်ခင် မိတာ ၄၀၀ အကွာမှာ နှစ်ပွိုင့်၊  သူတို့ ပိုက်ဆံတောင်းတဲ့ နေရာမှာတစ်ပွိုင့်၊ မိုင်းဆွဲလိုက်တာ” လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ ‌ဗိုလ်တိုက်ဂါးက မောင်းကို ပြောပါတယ်။

စစ်အုပ်စုဟာ မြောင်လမ်းခွဲအထိုင်စခန်းမှာ နေ့တိုင်းနီးပါး ခရီးသွား ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာပြုလုပ်နေတဲ့အတွက် အခုလိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ကနေ့တိုင်း လာတာ၊ မြောင်လမ်းခွဲက အထိုင်စခန်း၊ မြောင်လမ်းခွဲ အရှေ့ဘက် မြင်မူမြို့သွားတဲ့ လမ်းဘေးက အလ္လကပ္ပရွာကို ပိုက်ဆံလာတောင်းတာ” လို့ ဗိုလ်တိုက်ဂါးက ဆက်ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီနောက် စစ်အုပ်စုဟာ မြင်းမူဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊မြင်းမူမြို့နယ် ပကဖ၊ အလ္လကပ္ပ တိုက်နယ်ပကဖ၊ အမုန်းဗျင်းမဲ့ Drone Teams၊ မြောင်မြို့ မ တိုက်နယ်ပကဖ ကိုဝေလင်း၊ မြောင်မြို့ဖိုက်တာပြည်သူ့ကာကွယ်ရေးဖွဲ့တို့ပူပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Video – ဗိုလ်တိုက်ဂါး

0 Shares:
You May Also Like
Read More

ဖလမ်းမြို့အနီးတိုက်ပွဲတွင် စစ်ကော်မရှင်တပ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ဖမ်းဆီးမိ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့အနီး ခွန်လီကျေးရွာတိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား ၅ ယောက် သေဆုံးပြီး ၂ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ ချင်းပြည်နယ်စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြင်းမူမှာ PDF စခန်းတစ်ခုကို စစ်ကောင်စီ ဝင်ရောက်စီးနင်း၊ ၁၈ နှစ်အရွယ် ရဲဘော် ဘိုမင်းချီ ကျဆုံးခဲ့ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း PDF တပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်  အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာ PDF တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးခဲ့ရပါတယ်။
Read More

မြိုင်နှင့် ပေါက်အစပ်ကို စစ်ကော်မရှင် ပါရာမော်တာများဖြင့် ၃ ရက်ဆက် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်ကို စစ်ကော်မရှင်က ပါရာမော်တာတွေနဲ့ ၃ ရက်ဆက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဟောင်ကောင်တွင် အထပ်မြင့်အဆောက်အအုံများ မီး‌လောင်မှုကြောင့် လူပေါင်း ၉၄ ဦး သေဆုံး (ရုပ်/သံ)

ဟောင်ကောင်မြို့မှာ Wang Fuk Court အထပ်မြင့်အဆောက်အအုံတွေ မီးလောင်မှုဖြစ်ပွားပြီး လူပေါင်း ၉၄ ယောက်သေဆုံးကာ ၇၆ ယောက်ကျော် ထိခိုက်ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Read More

ကပစထုတ် ရှေ့ထွက်မိုင်းများဖြင့် စစ်သားများ မိုင်းဆွဲခံရပြီး ၄ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနဲ့ ညောင်ဇင်ရွာအကြားမှာ အကြမ်းဖက်စစ်တပ်ထံက သိမ်းဆည်းရရှိထားတဲ့ ကပစထုတ် ရှေ့ထွက်မိုင်းတွေနဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ထားဝယ်လူငယ်လက်ရုံးတပ် - DYAF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဖားကန်မြို့ ဆိုင်းတောင်တွင် ခိုင်ကြည်ဇင် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဆိုင်းတောင် ရပ်ကွက် ၃ မှာရှိတဲ့ ခိုင်ကြည်ဇင် စက်သုံးဆီဆိုင်မီးလောင်မှုဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။