စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုအပိုင်း(၁)၊ တောင်တွင်းကြီးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်တဲ့ စစ်တပ်ပါတီ ကြံ့ခိုင်ရေးရဲ့ ကိုယ်စားလှယ် ယခင်ပြန်ကြားရေးဒုဝန်ကြီးဟောင်း ဦးပိုက်ထွေးဟာ စစ်တပ်လက်ကိုင်တုတ်ပါတီတစ်ခုဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ရဲ့ ကိုယ်စားလှယ်ကို ရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။

ဒီလိုရှုံးနိမ့်မှုကြောင့် ဦးပိုက်ထွေးဟာ ရွေးကောက်ပွဲ ၃ကြိမ်ဆက် ရှုံးနိမ့်သူအဖြစ် စာရင်းဝင်သွားတယ်လို့လည်း သိရပါတယ်။ ဦးပိုက်ထွေးဟာ ဒီဇင်ဘာလ ၂၈ရက်နေ့က ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲနေ့မှာ အစပိုင်း ကြိုတင်မဲတွေနဲ့ အသာစီးရခဲ့ပေမယ့်လည်း နောက်ဆုံး အဆင့်ရေတွက်ရာမှာတော့ ပြိုင်ဘက် စစ်တပ်လက်ကိုင်တုတ်ပါတီတစ်ခုပင်ဖြစ်တဲ့ တစညပါတီကိုယ်စားလှယ် ဒေါက်တာကျော်ဆွေ ဆိုသူကို မဲ ၄ထောင်ကျော်အကွာနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ပြန်ကြားရေး ဒုဝန်ကြီးဟောင်းနဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ဦးပိုက်ထွေးအနေနဲ့ စစ်တပ်လက်အောက်ကျင်းပခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ကံမ မဲဆန္ဒနယ်ကနေ အနိုင်ရခဲ့ပြီးအချိန်ကစလို့ ထပ်မံယှဥ်ပြိုင်ခဲ့တဲ့ ၂၀၁၅၊ ၂၀၂၀ ခုနှစ်တွေမှာ လုံးဝ အနိုင်မရရှိခဲ့တဲ့အပြင် စစ်တပ် လက်ရှိလုပ်နေတဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာလည်း မဲဆန္ဒနယ်ပြောင်းပြီးယှဥ်ပြိုင်ရာခဲ့ပေမဲ့ စစ်တပ်လက်ကိုင်တုတ်ပါတီတစ်ခုကို ထပ်မံရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

တောင်တွင်းကြီးမြို့နယ်၊ ကျေးရွာများအတွင်း စည်းရုံးရေးလုပ်ဆောင်နေသည့် ဦးပိုက်ထွေးအား တွေ့ရစဥ် (ဓာတ်ပုံ USDP)

ဒါ့အပြင် သူ့အနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာမှာ ဆောင်ပုဒ်အဖြစ်အသုံးပြုခဲ့တဲ့ “အရင်လူထက် သာစေရမယ်” ဆိုတဲ့စကားဟာလည်း ပြည်သူတွေကြား ပျက်ရယ်ပြုဝေဖန်တာတွေ ခံခဲ့ရပါသေးတယ်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် စစ်တပ်နောက်ခံပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးအပြင် စစ်တပ်လက်ကိုင်တုတ်ပါတီတွေဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံဖြိုးတိုးတက်ရေးပါတီ တို့အပြင် မင်း‌အောင်လှိုင်ရဲ့ စစ်ကောင်စီမှာ ဝန်ကြီးနေရာရယူခဲ့တဲ့ သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ တို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာပါ။

ဒါနဲ့ပတ်သက်ပြီး တောင်တွင်းကြီးမြို့ခံတစ်ဦးကတော့ “ဒီနေရာမှာ ဝင်ပြိုင်တာ အကုန်လုံးက စစ်တပ်ပါတီနဲ့ စစ်တပ်ခိုင်းဖက်ပါတီတွေချည်းပါပဲ၊ တစည ဆိုရင် အရင်အာဏာရှင်ဟောင်း ဗိုလ်နေဝင်းရဲ့ ပါတီ၊ ကျန်တဲ့နှစ်ခုဖြစ်တဲ့ တောင်သူလယ်သမားပါတီနဲ့ သက်သက်ခိုင်ပါတီတွေကလည်း အရိုးအရင်း ကိုက်ရလည်း မနည်းဘူးဆိုပြီး ဝင်ပြိုင်တဲ့ စစ်တပ်လက်ပါးစေပါတီတွေပဲဆိုတော့ ပြည်သူတွေအတွက်ကတော့ ဘယ်ပါတီနိုင်နိုင် ဘာမှ မထူးပါဘူး” လို့ မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အိုးဘိုထောင်မှာ နိုင်ကျဉ်း ၁ ဦး လုံလောက်တဲ့ ဆေးကုသခွင့်မရမှုကြောင့် သေဆုံး

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁ယောက် လုံလောက်တဲ့ ဆေးကုသခွင့်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ 
Read More

ထားဝယ်တွင် စစ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်သား ၂၀ ကျော် သေပြီး ၃ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ ရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ဘက်ကို တက်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူးထံက သိရပါတယ်။
Read More

တီးတိန်မှာ အကြမ်းဖက်စစ်အုပ်စုစခန်းကုန်းမှ တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး လက်နက်များနှင့်အတူ အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် အကြမ်းဖက်စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း အမှတ် ၂၆၉ စခန်းက တပ်ကြပ်အဆင့်နဲ့ တပ်သားအဆင့် တပ်ဖွဲ့ဝင် ၂ ယောက်  လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်အတွင်း တိုက်ပွဲ​များ ဆက်လက်ပြင်းထန်​နေပြီး မြို့ပေါ်နေရာအများစုကို စစ်တပ် ပြန်လည်ထိန်းချုပ်​ထားဟု ဆို

မန္တလေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး(MDY PDF) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ထဲက နေရာအများစုကို စစ်တပ်က ထိန်းချုပ်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်နဲ့ စစ်ကောင်စီ လော်ဘီမီဒီယာတွေရဲ့ သတင်းဖော်ပြမှုအရ သိရပါတယ်။
Read More

စစ်တပ်အကျိုးပြုမည့် လူနှင့်ပါတီရွေးချယ်ပွဲတွင် အဆိပ်ပင်ရေလောင်းသူများ မဖြစ်ကြဖို့ KNU တိုက်တွန်း

အာဏာသိမ်း စစ်ကော်မရှင်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ” ဖြစ်တာကြောင့် “အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ” မဖြစ်အောင် နည်းလမ်းပေါင်းစုံနဲ့ ရှောင်ရှားကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။