ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ရှိ စစ်အုပ်စုစခန်းတွေကို တိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက်အစောပိုင်းမှာ ရန်ကုန်-မန္တလေးအမြန် လမ်းဟောင်းဘေး တောကျွဲမြို့ စစ်အုပ်စု ရဲစခန်း၊ ဘူတာရုံနဲ့ တပ်စွဲထားတဲ့ နေရာတွေကို PDF တပ်ရင်းတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ BE အဆင့်အရာရှိအပါအဝင် စစ်သားအများအပြားသေဆုံးခဲ့ပြီး မြို့ကို PDF သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တောကျွဲအင်းမြို့ အခြေအနေတွေနဲ့ပက်သက်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့ တပ်ရင်းတစ်ခုကိုမေးမြန်းရာမှာတော့ “တောကျွဲအင်း တမြို့လုံးက စခန်းအကုန်ရပါတယ်” လို့ မောင်းကို ပြန်ဖြေခဲ့ပါတယ်။
ရွှေကျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ SGDF ကလည်း တောကျွဲအင်းမြို့က စစ်တပ်စခန်းတွေကို တပြိုင်နက်ထဲ ဝင်ရောက် သိမ်းပိုက်ထားနိုင်ပြီလို့ ထုတ်ပြန်ထားပါတယ်။
Video – လူမှုကွန်ရက်