မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ အကြမ်းဖက်စစ်တပ် အင်အားအများအပြားသုံးပြီး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် မြို့နဲ့ ၁၀မိုင်အကွာ ကံရပ်ကြီးကျေးရွာ တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ (၈) ရက်၊ မနေ့က မနက်အစောပိုင်းမှာ ပခုက္ကူတပ်မ (၁၀၁) နဲ့ တပ်မ (၉၉) လက်အောက်ခံစစ်ကြောင်း (၂) ခုက စစ်သားတွေဟာ ပခုက္ကူနဲ့မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ကံရပ်ကြီးရွာကို အင်အား (၃၀၀) နီးပါးနဲ့ ဝင်​ရောက်ကာ အရပ်သားနေအိမ်တွေကို စိတ်တိုင်းကျ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီမီးရှို့မှုကြောင့် အိမ်ခြေ (၂၀၀) ကျော် ရှိတဲ့ ကံရပ်ကြီးကျေးရွာထဲက နေအိမ်ပေါင်း (၁၇၀) ကျော် မီးလောင်ပျက်စီးသွားပြီး အရပ်သားတွေလည်း ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

ဒါဟာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတာဖြစ်ပြီး မီးလောင်အားပိုပြင်းစေဖို့ အတွက် စစ်တပ်က ပေါက်ကွဲမှုအားကောင်းတဲ့ ဂတ်(စ်) အိုးတွေကိုပါ မီးရှို့ရာမှာအသုံးပြုသွားတယ်လို့  တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ကံရပ်ကြီးက မြေပဲစိုက်၊ နှမ်းစိုက်တဲ့တောင်သူရွာပါ။ အဲ့ဒါကိုတိုက်ပွဲလည်းမဖြစ်ပဲ ဝင်ပြီးရှို့သွားတာပါ။ ရှို့တာကလည်း အရင်ကလို မီးခြစ်နဲ့ယမ်းနဲ့တင်မဟုတ်ပဲ ရှို့ဖို့သက်သက် ရည်ရွယ်ပြီးတော့ကို ဂတ်(စ်)အိုးတွေယူလာတာပါ။ နှစ်သစ်မှာ ပြာချဖို့အတွက်များ လုပ်သလားမသိပါဘူး” လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒါ့အပြင် စစ်ကြောင်းဝင်ရောက်လာချိန် အကြမ်းဖက်စစ်တပ်ရဲ့ သေနတ်ပစ်ဖောက်သံတွေကြောင့် မပြေးနိုင်တဲ့ သက်ကြီးပိုင်း အဘွားအို တစ်ယောက်လည်း နှလုံးရပ်သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူက ဆက်ပြော​ပါတယ်။

ကံရပ်ကြီးကျေးရွာ မီးရှို့ခံထားရသည့် မြင်ကွင်းများအား တွေ့ရစဥ်

ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ မြိုင်မြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းဟာ ပခုက္ကူမြို့အတွင်းကို ဒီဇင်ဘာလကုန်ပိုင်းမှာ ရောက်ရှိသွားခဲ့တာလို့ ဆိုပါတယ်။

အဲ့စစ်ကြောင်းနဲ့  တပ်မ (၁၀၁) စစ်ကြောင်းပေါင်းစုခဲ့တာကြောင့် စုစုပေါင်းအင်အား (၃၀၀)နီးပါးရှိသွားပြီး ပခုက္ကူမြို့နယ်ထဲကို ဆက်ထွက်ခွာလာခဲ့တာလို့ သိရပါတယ်။

အင်အား (၃၀၀) စစ်ကြောင်းဟာ ဇန်နဝါရီလ (၆) ရက်နေ့မှာ ပခုက္ကူမြို့ကနေ စတင်ထွက်ခွာလာခဲ့ပြီး ငဖောင်ကန်ရွာကိုရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။

နောက်တစ်နေ့မနက်အစောပိုင်းမှာ ကံရပ်ကြီးကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

ကံရပ်ကြီးကျေးရွာ မီးရှို့ခံထားရသည့် မြင်ကွင်းများအား တွေ့ရစဥ်

အဲ့ဒီနောက်မှာတော့ စစ်ကြောင်းဟာ ပခုက္ကူ-ကမ္မလမ်းပိုင်းက ညောင်ဂျစ်ပင်ပျူစောထီးရွာကို ညနေပိုင်းဆက်ထွက်သွားခဲ့ပြီး အဲ့ဒီကတဆင့် ကမ္မမြို့ရဲစခန်းကို ရောက်ရှိသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၉ရက်၊ ဒီနေ့မှာတော့ ကမ္မမြို့ရဲစခန်းမှာ ညအိပ်ခဲ့တဲ့ စစ်ကြောင်းဟာ ကမ္မမြို့ပေါ်က နေအိမ် ၁၁လုံးကို ထပ်မံမီးရှို့ခဲ့ပြီး သရက်က​န်ရွာကို ဆက်လက်ထွက်ခွာသွားတယ်လိို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းကြောင့် လက်ရှိမှာ ကမ္မမြို့ပတ်ဝန်းကျင်အနီးအနား ကျေးရွာတွေ လနဲ့ချီစစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

ကံရပ်ကြီးကျေးရွာ မီးရှို့ခံထားရသည့် မြင်ကွင်းများအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

နောင်ချိုကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ယောက် သေဆုံးခဲ့ရ

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၂ ယောက်သေဆုံးခဲ့ရကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။
Read More

မန္တလေးမြို့က ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီလာပို့ရင်း လုယက်ဓားပြတိုက်မှု ဖြစ်ပွါး

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၂၈လမ်းမကြီးပေါ်က ဦးကိုလေး ကားပစ္စည်းအရောင်းဆိုင်မှာ ဒယ်လီ လာပို့သူတွေကနေ လုယက်ဓားပြတိုက်သွားကြောင်း မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

ငလျင်ကြောင့် မန္တလေးထောင်အတွင်း အကျဉ်းသား ၃၀ ကျော် သေဆုံးမှုကို စစ်ကောင်စီ ဖုံးကွယ်ထား၊ နိုင်ကျဉ်းများအား စစ်ကောင်စီ ဖိနှိပ်မှုအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များ စောင့်ကြည့်ပေးကြဖို့ တောင်းဆို

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၃၇၆၀ ယောက်ရှိပြီး ဒဏ်ရာရသူ ၅၀၂၇ ယောက်နဲ့ ပျောက်ဆုံးနေသူ ၁၃၀ ယောက် ရှိနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပေမယ့် အကျဉ်းထောင်တွေအတွင်းက အကျဉ်းသားသေဆုံးမှုတွေကို သတင်းချန်လှပ်ထားတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
Read More

ရပ်စောက်မှာ DPLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဓာတုဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

ဝမ်းတွင်းနှင့် စလင်းတွင် စစ်အုပ်စု အရပ်သားများကို ဆိုးဆိုးရွားရွား ပေါ်တာဆွဲကာ ပြန်ပေးဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေ

မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်နဲ့ မကွေးတိုင်း စလင်းမြို့နယ်တို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ရွာစဥ်လိုက် ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်ရင်း အရပ်သားတွေကို ပြန်ပေးဆွဲဂိုဏ်းသဖွယ် ငွေညှစ်အနိုင်ကျင့်နေကြောင်း ဒေသခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။