မကွေးတိုင်း၊ မြောင်လမ်းခွဲ အထိုင်စခန်းမှာ ပိုက်ဆံကောက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
ဇန်နဝါရီ ၈ ရက် မနက် ၆ နာရီခွဲလောက်မှာ စစ်အုပ်စု ကား ၃ စီးနဲ့ ထွက်လာတဲ့အချိန် မြောင်လမ်းခွဲ မရောက်ခင် မီတာ ၄၀၀ အကွာလောက်မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ပုံမှန် ကား၃စီး၊ အင်အားကတော့ ၃၀ လောက်ပါတယ်။အခု ကားက ရှေ့ဆုံးကားသူတို့ ပိုက်ဆံတောင်းတဲ့နေရာ မရောက်ခင် မိတာ ၄၀၀ အကွာမှာ နှစ်ပွိုင့်၊ သူတို့ ပိုက်ဆံတောင်းတဲ့ နေရာမှာတစ်ပွိုင့်၊ မိုင်းဆွဲလိုက်တာ” လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်တိုက်ဂါးက မောင်းကို ပြောပါတယ်။
အဲ့ဒီလို မိုင်းဆွဲတိုက်မှုကြောင့် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေရှိနိုင်တယ်လို့ သိရပါတယ်။
မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ ၆၀ မမ လက်နက်ကြီးတွေနဲ့ လည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မြောင်လမ်းခွဲ အထိုင်စခန်းမှာနေ့တိုင်းနီးပါး ခရီးသွား ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာပြုလုပ်နေတဲ့အတွက် အခုလိုသွားရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ကနေ့တိုင်း လာတာ၊ မြောင်လမ်းခွဲက အထိုင်စခန်း၊ မြောင်လမ်းခွဲ အရှေ့ဘက် မြင်မူမြို့သွားတဲ့ လမ်းဘေးက အလ္လကပ္ပရွာကို ပိုက်ဆံလာတောင်းတာ” လို့ ဗိုလ်တိုက်ဂါးက ဆက်ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီနောက် စစ်အုပ်စုဟာ မြင်းမူဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊မြင်းမူမြို့နယ် ပကဖ၊ အလ္လကပ္ပ တိုက်နယ်ပကဖ၊ အမုန်းဗျင်းမဲ့ Drone Teams၊ မြောင်မြို့ မ တိုက်နယ်ပကဖ ကိုဝေလင်း၊ မြောင်မြို့ဖိုက်တာပြည်သူ့ကာကွယ်ရေးဖွဲ့တို့ပူပေါင်းဆောင်ရွက်ခဲ့ကြတာလို့သိရပါတယ်။
