မကွေးတိုင်း သရက်မြို့နယ် ဆင်ကော်ရဲစခန်းဆီ စစ်ကူပေးဖို့လာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်- ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၃ ရက်က သရက်မြို့နယ် ဆင်ကော်ရဲစခန်းကို စစ်ကူပေးဖို့ ကပစ ၁၂ ကနေ လာတဲ့ ကား ၃ စီးကို မင်းတုန်းမြို့နယ် ပုဇင်းဒါးကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“ထိခိုက်သေဆုံး အတည်ပြုနိုင်တာ ၅ယောက်ရှိပါတယ်။ ကားမိုင်းဆွဲတာမှာ ထိတဲ့ကောင်တွေလည်း ဆေးရုံပို့ထားရတယ်ကြားတယ်။ ထိခိုက်ထားတဲ့ သူများတယ်။ စစ်ကူလာတဲ့ ကား ၃ စီးမှာ၂ စီး ပျက်စီးတယ်။ ၁ စီးကို သူတို့ ပြန်ဆွဲသွားတယ်။ ၁စီးကျန်ခဲ့တယ်။ ကျနော်တို့က အဲဲဒါကို မီးရှို့နိုင်ခဲ့ပါတယ်” လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ခံ ကိုမြတ်က မောင်းကိုပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ ကား ၁ စီး ပျက်စီးခဲ့ပြီး တော်လှန်ရေးတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါ တယ်။
Video – သရက်ခရိုင် အမှတ်-၄ တပ်ရင်း