မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်ရစ်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ 𝗠𝘆𝗮𝘂𝗻𝗴 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗣𝗲𝗼𝗽𝗹𝗲 𝗗𝗲𝗳𝗲𝗻𝗰𝗲 𝗙𝗼𝗿𝗰𝗲 က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက ရေစကြိုမြို့နယ် ကျောက်ရစ်စခန်းကို အကြမ်းဖက်စစ်တပ် အရာရှိအပြောင်းအလဲလုပ်ပြီး အင်အားဖြည့်တင်းဖို့ လာတဲ့ အင်အား ၁၀၀ လောက်ပါ စစ်ကြောင်းကိုတိုက်ခိုက်ခဲတာလို့ဆိုပါတယ်။

အကြမ်းဖက်စစ်ကြောင်းကို မြောင်မြို့နယ် သနပ်ကုန်းကျေးရွာတောင်ဘက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ခြုံခိုကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဲဒီနောက် ကျောက်ရစ်စခန်းကနေ တပ်ချိန်းပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို လည်း နနွားကိုင်း၊ ဆူးလေကုန်း၊ ရွှေတစ်ချောင်းကျေးရွာတွေရဲ့ ကြားတစ်နေရာမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၀ ယောက်လောက်သေဆုံးကာ အများအပြားဒဏ်ရာရအထိနာသွားတာကြောင့် ရေစကြိုမြို့ကနေ လက်နက်ကြီး ၁၀ နဲ့ ပစ်ခတ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်၅တပ်ရင်း၊ မြောင်မြို့နယ် ကျေးရွာတပ်ပေါင်းစု၊ စစ်ကိုင်းခရိုင်အမှတ်၂တပ်ရင်း၊ သွေးသောက်LPDF၊ မုံရွာခရိုင်အမှတ်၁၂တပ်ရင်း-တပ်ခွဲ၃၊ စစ်ကိုင်းခရိုင်အမှတ်၁တပ်ရင်း၊  စစ်ကိုင်းခရိုင်ထောက်ပို့တပ်ရင်း၊ 9 Brothers (Myaung)၊ 11 Brothers(Myaung)၊  မြင်းခြံခရိုင်အမှတ်၃တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်၁တပ်ရင်၊ 27RFလက်နက်ကြီးအဖွဲ့နဲ့ မြောင်မြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်။

Video – Myaung Special People Defence Force

0 Shares:
You May Also Like
Read More

အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဇာနည် (၁၂) ဦး (ရုပ်/သံ)

ယနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် တော်ဝင်ဒေါင်းတပ်ရင်းရဲ့ အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်သွားခဲ့တဲ့ အာဇာနည် ၁၂ ဦးရဲ့အကြောင်းကို ဖော်ပြလိုက်ရပါတယ်။
Read More

ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရ (ရုပ်/သံ)

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက စစ် ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် အရပ်သား ၄၀ ကျော်သေဆုံးခဲ့ရကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မန်တုံမြို့‌ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အမျိုးသား ၁ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အမျိုးသား ၁ ယောက်သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းပျူကင်းစခန်းအား ဖေ‌ဖော်ဝါရီ ၁၁ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ရောင်နီဦးတပ်ရင်း-မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ထံက သိရပါတယ်။
Read More

အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့မှုအဖြစ် အီရန်က ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး အစ္စရေးကို ပြန်လည်တိုက်ခိုက် (ရုပ်/သံ)

အစ္စရေးရဲ့ Rising Lion စစ်ဆင်ရေးနာမည်နဲ့ လုပ်‌ဆောင်ပြီးနောက်မှာ အီရန်က လက်တုံ့ပြန်မှု အဖြစ် ပဲ့ထိန်းဒုံးနဲ့ ဒရုန်းတွေသုံးပြီး ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် သေနတ်သမား ပစ်ခတ်မှုကြောင့် လုံခြုံရေးဝန်ထမ်း ၄ ယောက်နဲ့ စျေးသည် ၁ ယောက် သေဆုံး (ရုပ်/သံ)

ဇူလိုင် ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ချာထူချက်စျေးမှာ သေနတ်သမား ၁ ယောက်က လုံခြုံရေး ၄ ယောက်နဲ့ စျေးသည် ၁ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။