ရန်ကုန်-ပြည်အမြန်လမ်းအပါအဝင် နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက အကြမ်းဖက်စစ်တပ် ဂိတ်စခန်းတွေကို တစ်ပြိုင်နက်တည်း ထိုးစစ် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က အယောက် ၄၀ နီးပါး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၇ရက်နေ့ မနက်ပိုင်းတစ်ချိန်တည်းမှာ​ နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေက စစ်အုပ်စုစခန်းတွေကို PDF၊  အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ကတပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပကဖနဲ့ ဒရုန်းတပ်ဖွဲ့တွေအပြင် အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) တွေကပါ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ပထမဆုံးအနေနဲ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က တောင်ညိုမြို့သစ်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။

ပဲခူးရိုးမ PDF -ဗျူဟာ၂၂ က ထုတ်ပြန်ထားသည့်ပုံရိပ်များအား တွေ့ရစဥ်

ဒီတိုက်ခိုက်မှုကို PDF၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်က ဗျူဟာရုံးတပ်ဖွဲ့နဲ့အတူ အမှတ်(၃၈၀၁)တပ်ရင်း၊ တပ်ရင်းရုံးအဖွဲ့၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ တပ်ခွဲ(၄)၊ တပ်ခွဲ(၆)၊ ဒရုန်းတပ်ဖွဲ့၊ အမှတ်(၃၇၀၁) တပ်ရင်း၊ တပ်ခွဲ(၂) နဲ့ ရန်ကုန်ပကဖ တပ်ဖွဲ့တွေက လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်က မြီးကောက်ပင်ရွာ ပျူစောထီးစခန်းကိုလည်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်က (၃၈၀၁) တပ်ရင်းအပါအဝင် တပ်ခွဲ(၁)၊ တပ်ခွဲ(၅)၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၁)၊ သာယာဝတီခရိုင် ပကဖနဲ့ ဇီးကုန်း ပကဖတို့က တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်စစ်သား (၉)ယောက်နီးပါး သေဆုံးပြီး စခန်းကိုလည်း ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ရှင်းလင်း နိုင်ခဲ့တယ်လို့သိရပါတယ်။

ပဲခူးရိုးမ PDF -ဗျူဟာ၂၂ က ထုတ်ပြန်ထားသည့်ပုံရိပ်များအား တွေ့ရစဥ်

တဆက်တည်းမှာပဲ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းပေါ်က စစ်ကွင်းတာဆုံ ရဲကင်းစခန်းနဲ့ တာဆုံဘုရားနားတပ်စွဲထားတဲ့အကြမ်းဖက်စစ်တပ်စခန်းတွေကိုလည်း မနက်ပိုင်းမှာ ကာကွယ်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါသေးတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ယောက်နီးပါး သေ‌ဆုံးပြီး၊ (၁၀)ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်က အမှတ်(၃၈၀၃) တပ်ရင်း၊ Alpha စစ်ကြောင်း၊ Bravo စစ်ကြောင်း၊ အမှတ်(၃၈၀၂) တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၃)၊ ဂဠုန်ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ လက်ပံတန်းမြို့နယ်(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ သာယာဝတီခရိုင် (ပကဖ) ရွှေတန်းမြေတပ်ဖွဲ့ (၁၊၂)၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တပ်ရင်း(၃)တို့ လုပ်ဆောင်ခဲ့ကြတာလိုဆိုပါတယ်။

အဲ့ဒီ တိုက်ပွဲတွေထဲ စစ်တပ်ထိခိုက်သေဆုံးတာတွေအပြင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း တပ်ဖွဲ့ဝင် (၁)ယောက် ကျဆုံးပြီး (၅) ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပဲခူးတိုင်း စစ်ဌာန နယ်မြေအတွင်း အခုလိုမျိုး စစ်ဆင်ရေးတွေ အရှိန်မြှင့် လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်‌‌တပ်စခန်းတွေရဲ့အနီးပတ်ဝန်းကျင်ကို မလိုအပ်ဘဲ သွားလာတာမျိုးတွေ မလုပ်ဆောင်ကြဖို့ နဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ပဲခူးရိုးမ PDF -ဗျူဟာ ၂၂ က အသိပေးထားပါတယ်။

ပဲခူးရိုးမ PDF -ဗျူဟာ၂၂ က ထုတ်ပြန်ထားသည့်ပုံရိပ်များအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

၂ နှစ်ကျော်သည်အထိ စစ်ဘေးရှောင်နေရသည့် ကျေးရွာကို စစ်တပ်က စက်တပ်လေးထီးနှင့် လာရောက်ပစ်ခတ်

"တိုက်ပွဲဖြစ်တဲ့ဟာတော့ ဒီနေ့မရှိပါဘူးဗျ၊ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတော့ ဆော့ဒုံးပစ်ခတ်တာတွေတော့ရှိတယ်၊ ပစ်တာကလည်း ဒီရွာက ပစ်တယ်လို့မဆိုလိုဘူး၊ သူတို့ဝန်းကျင်က ပစ်တာဆိုတော့ သူတို့ထင်တဲ့နေရာကို ပါရာမော်တာ နဲ့ ၁၂၀ မမ ၂ လုံး ၄ လုံး နဲ့ ချသွားတာ ၂ လုံးကတော့ အိမ်ထဲမှာကျတယ်၊ ၂ လုံးကတော့ စာသင်ကျောင်းရဲ့ အနောက်ဘက်ယာခင်းထဲမှာ ကျတယ်" လို့ ဘုတလင်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ် တိုက်ပွဲမဖြစ်ပွားဘဲ ဒရုန်းနဲ့ ဗုံးကြဲလို့ ဒေသခံပြည်သူ ၂ ယောက် ပြင်းထန်ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကတော့ကမ်းကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိတ်ခရိုင်တပ်ရင်း - ၂ က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ကြောင့် အဆောက်အဦး ၈ သောင်းကျော် ပျက်စီးခဲ့ဟု စစ်ကောင်စီ ထုတ်ပြန်

နိုင်ငံတစ်၀န်း အင်အားပြင်းငလျင်ကြောင့် အဆောက်အဦး စုစုပေါင်း ၈ သောင်းကျော်အထိ ပျက်စီးခဲ့ရတယ်လို့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) က ထုတ်ပြန်ပါတယ်။
Read More

ရိက္ခာရှာထွက်သည့် ကန်နီရွာက စစ်အုပ်စုများ စောင့်ကြိုပစ်ခတ်ရာ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ ကန်နီကျေးရွာရှိ စစ်တပ်စခန်းကို စစ်အုပ်စုတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပခုက္ကူလေယာဥ်ကွင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ လေယာဥ်ပြေးလမ်း ပျက်စီးပြီး စစ်သား ၄ ဦး သေ၊ ၄ ဦး အပြင်းအထန် ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပခုက္ကူလေယဉ်ကွင်းကိုရော့ကတ်တွေ၊ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း လေယာဥ်ပြေးလမ်းပျက်စီးပြီး စစ်တပ်က ၄ ယောက် သေဆုံးကာ စိုးရိမ်ဒဏ်ရာရသူ ၄ ယောက်အပါအဝင် အများအပြားဒဏ်ရာရခဲ့တယ်လို့ Cobra One အဖွဲ့တာဝန်ရှိသူက ​မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။