ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်များအတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀)ဦးခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်း ပကဖ အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ဒရုန်းတပ်ဖွဲ့များနဲ့ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့(ACDF) တို့က ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းအချိန်မှာ တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။

ဦးစွာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်ရဲစခန်းမှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်၊ မြီးကောက်ပင်ရွာ ပျူစောထီးစခန်းကိုလည်း  တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၉)ဦးခန့် သေဆုံးပြီး စခန်းကို သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီလ (၇)ရက်၊ မနက်ပိုင်းမှာပဲ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန် – ပြည် အမြန်လမ်းရှိ၊ စစ်ကွင်းတာဆုံ ရဲကင်းစခန်း နှင့် တာဆုံဘုရားအနီးတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးခန့် သေ‌ဆုံးပြီး၊ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်(၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်းပကဖ အပါအဝင် တပ်ရင်း၊ တပ်ဖွဲ့များနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းပြီး ဟန်ချက်ညီ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်စစ်‌‌တပ်စခန်းများ အနီးဝန်းကျင်သို့ မလိုအပ်ဘဲ သွားရောက်ခြင်းများ မပြုကြဖို့နဲ့ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့  အသိပေးထုတ်ပြန်ထားပါတယ်။

Video – ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ

0 Shares:
You May Also Like
Read More

ရေတာရှည်မြို့နယ်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို နေပြည်တော် PDF တပ်ရင်း ၉၀၁ က တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Nay Pyi Taw PDF-Battalion 901 က ထုတ်ပြန်လိုက်ပါ တယ်။
Read More

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာပြီး မြို့တွင်းကို မီးလောင်ဗုံးတွေ ပစ်ခတ်မှုကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီး (ရုပ်/သံ)

ရှမ်း - ကရင်နီပြည်အစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ် နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ၄ လကြာတဲ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိတယ် လို့ သိရပါတယ်။
Read More

Hercules 3 နဲ့ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန်

''Cobra Federal Wings တွေရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုတွေကို FW ရဲ့ နောက်ဆုံးပေါ် Hercules 3 နဲ့ပေါင်းစပ်လိုက်တဲ့အခါ စကစစခန်းကုန်းတွေရဲ့ အိမ်မက်ဆိုးတွေ ပိုမိုကြီးထွားလာပါတယ်''လို့ Federal Wings က ဆိုပါတယ်။
Read More

လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းအမြောက်စခန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIAနဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ဂျပန်လှိုဏ်ဂူမြင်ကွင်း(ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားတဲ့ ဂျပန်လှိုဏ်ဂူကို ယခုလိုပဲ မြင်တွေ့ရပါတယ်။ အင်းတော်မြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီ ၇ ရက် မနေ့ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။