ကော်သူးလေ အစိုးရကိုဖွဲ့စည်းပြီး ကော်သူးလေးနိုင်ငံတော် ထူထောင်တယ်လို့ ကြေညာခဲ့တဲ့ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ လုပ်ရပ်ဟာ ကရင့်တော်လှန်‌ရေးနဲ့ ကရင့်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တာသာဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံးနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က ထုတ်ပြန်ပါတယ်။ 

စောနယ်ဒါးမြဦးဆောင်တဲ့ KTLA လုပ်ဆောင်ချက်တွေဟာ ကရင်အမျိုးသားတော်လှန်ရေးရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မထင်ဟပ်သလို ပကတိအရှိတရားတွေနဲ့လည်းမလျော်ညီဘဲ KNU က မျှော်မှန်းတည်ဆောက်နေတဲ့တိုင်းပြည် တည်ဆောက်မှုဆိုင်ရာ စံနှုန်းတွေနဲ့လည်း မကိုက်ညီဘဲ ကော်သူးလေ နာမည်ကို အလွဲသုံးစားလုပ်ဆောင်တာသာဖြစ်တယ်လို့ KNU ကဆိုပါတယ်။ 

“ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခင်းအကျဉ်းများနှင့်အညီ မိမိတို့အနေနှင့် ကျားမ၊ လူမျိုးဘာသာမရေး ပိုမိုကိုယ်စားပြုမှု၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရေစီ စံနှုန်းနှင့်ညီသော ကော်သူးလေပြည် သို့မဟုတ်ကော်သူးလေ ဖက်ဒရယ် ယူနစ်တစ်ခုကို တည်ဆောက်နိုင် ရန် ကြိုးပမ်းလျက်ရှိသည်ကို သံတမန်များ၊ အများပြည်သူနှင့် သတင်း မီဒီယာများကို အသိပေးထားပြီး ဖြစ်သည်” လို့ KNU ကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက် (၇၈) ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့  မှာ စောနယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေတပ်မတော်က ကော်သူးလေအစိုးရကိုဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ 

အစိုးရအဖွဲ့မှာ KTLA စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စောနယ်ဒါးမြ က သမ္မတအဖြစ် တာဝန်ယူထားပြီး၊ ဒုသမ္မတ (၁) နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စောဆာဂေးဖိုး၊ ဒုတိယသမ္မတ (၂) အဖြစ် စောဒေးဗစ်သာကဘော၊ ဝန်ကြီး ချုပ် အ ဖြစ်စောဖိုးသူးလေးနဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် စောဒေးဗစ်လောဒူးတို့က တာဝန်ယူထားတယ်လို့ဆိုပါ တယ်။

ဗိုလ်ချုပ်စောနယ်ဒါးမြရဲ့   ကော်သူးလေ နိုင်ငံထူထောင်မှုက ကရင်တိုင်းရင်းသားတွေကြားမှာသာမက ပြည်သူအ များ ကြားမှာပါ ဝေဖန်မှုတွေထွက်ပေါ်ခဲ့သလို နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်ခံပြည် သူလူ ထု မရှိဘဲ အစိုးရတစ်ရပ်ထူထောင်တာဟာ လေထဲတိုက်ဆောက်တာသာဖြစ်တယ်လို့ ပြောဆိုမှုတွေရှိခဲ့တာဖြစ်ပါ တယ်။ 

အရပ်သား ၂၅ ဦး အသတ်ခံရမှုနဲ့ စောနယ်ဒါးမြကို စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ်စွပ်စွဲခံရမှုအပါအဝင် စည်းကမ်း ချိုး ဖောက်မှုတွေကြောင့် ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း KNDO စစ်ဦးစီးချုပ်ရာထူးက ရပ်စဲပြီး KNU ကနေ ထုတ်ပယ်ထားခဲ့တာဖြစ်ပါတယ်။ 

KNU  က ထုတ်ပယ်ခံရပြီးနောက် မကြာမီမှာပဲ စောနယ်ဒါးမြက KTLA ကိုတည်ထောင်ခဲ့ပြီး  တစ်နှစ် အကြာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကော်သူးလေအစိုးရကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အခုနှစ် ဇန်နဝါရီလ ၅ ရက်မှာ ဖွဲ့စည်းပြီးနောက် ကော်သူးလေသမ္မတနိုင်ငံကို ထူထောင်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ 

KNU အနေနဲ့ ‌စောနယ်ဒါးမြရဲ့ ကြေညာချက်နဲ့ မသက်ဆိုင်သလို  ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအား ကောင်းရေး မူအတိုင်း ဖက်ဒရယ်ပြည်ထောင်စုပေါ် ထွန်းလာစေဖို့ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေ စီအင်အားစုတွေ ၊ ပြည်သူလူထုတွေနဲ့လက်တွဲ လုပ်ဆောင်မယ်လို့ ကြေညာခဲ့တဲ့အတိုင်း ဆက်လက်ပြီး တိုက်ပွဲဝင် သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းလုပ်သက် နှစ် ၄၀ ကျော်ရှိ အရာခံဗိုလ် စစ်အာဏာရှင်လက်အောက် မနေချင်တော့တာကြောင့် အလင်းဝင်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၃၁) တပ်က အရာခံဗိုလ်တစ်ယောက် ဇန်နဝါရီလ (၂၇) ရက်မှာ လက်နက်နဲ့အတူ ထွက်ပြေးကာ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကက်သလစ်ဘုန်းတော်ကြီး ဖြစ်စဉ်မှာ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးလုပ်ဆောင်ဖို့ NUG အစိုးရအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တိုက်တွန်း

ကက်သလစ်ဘုန်းတော်ကြီး ဖာသာရ် ဒေါ်နယ်မာတင် အသတ်ခံရမှုအတွက် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သူ့အစိုးရအဖွဲ့ကို ပြောကြားလိုက်ပါတယ်။
Read More

မုံရွာမှ ထွက်ခွာလာသည့် စစ်ကော်မရှင်ရေယာဉ် (၁၅) စီးကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက် ၊ ထိခိုက်သေဆုံးသူများ ရှိနိုင်ဟု ဆို…

" ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ် ၊ အတိအကျတော့ မသိရဘူး၊ စက်တပ်လေထီး‌နဲ့က မပစ်သွားဘူး၊ ဒီအတိုင်းပဲ ကာပေးသွားတာ၊ ရှေ့ထွက်မိုင်းတွေတောင် မဆွဲလိုက်ရဘူး၊ ဂန်းငယ်တွေနဲ့ပဲ ပစ်လိုက်ရတယ်၊ ရှေ့ထွက်မိုင်းဆွဲလိုက်ရင် မီးခိုးတွေ ထွက်သွားရင် အဆင်မပြေလို့ စက်တပ်လေထီးကလည်း တက်လာတာဆိုတော့လေ" လို့ ChindwinFighterGroup(CFG) ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဘုရားသုံးဆူမှာ အသက် ၈နှစ်အရွယ် ကလေးအပါအဝင် မိသားစုလိုက် ၃လောင်းပြိုင် အသတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က မိသားစုလိုက် ၃လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။