တနင်္သာရီမြို့နယ် ခြောက်မိုင်ရွာဘက်ကို စစ်ကြောင်းထိုးဝင်လာတဲ့စစ်အုပ်စု နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ People’s Defence Force – မြိတ်ခရိုင်တပ်ရင်း (၂) ဆီက သိရပါတယ်။
ဇန်နဝါရီ ၇ ရက် နေ့လည် ၁၂ နာရီ ၄၀ လောက်မှာ ခြောက်မိုင်ရွာကို အင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
လက်နက်ကြီး ၊ လက်နက်ငယ်တွေ နဲ့အပြန်အလှန်ပစ်ခတ်မှု နာရီဝက်လောက်ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုဘက်ကနှစ်ယောက် သေဆုံးပြီး လေးယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။


ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
” သေဆုံးမှုကို ကျွန်တော်တို့မျက်မြင်တွေ့တာပါ၊ ပစ်ခတ်မှုကလည်း ရန်သူဘက်ကပြန်ဆုတ်သွားလို့ငြိမ်သွားပါတယ်။ လက်ရှိတိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာတော့ငြိမ်နေပါတယ်” လို့ People’s Defence Force – မြိတ်ခရိုင်တပ်ရင်း (၂) ပြန်ကြားရေးတာဝန်ခံက မောင်းကိုပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၂၊ တပ်ရင်း ၃ ၊ KNU ပူးပေါင်းတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။
ပြီးခဲ့သည့် ဒီဇင်ဘာ၂၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ သဲဖြူရွာ၊ ထုံကတဲလမ်းဆုံအနီးက စစ်အုပ်စုစစ်ကြောင်နဲ့People’s Defence Force – မြိတ်ခရိုင်တပ်ရင်း (၂)ပူးပေါင်းတပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာစစ်အုပ်စုဘက်က နှစ်ယောက်သေဆုံးပြီ နှစ်ယောက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
