အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖမ်းဆီးပေးဖို့ လူမူ့ကွန်ရက်စာမျက်နှာက တဆင့် သရော်ရေးသားခဲ့တယ်ဆိုပြီး  ရန်ကုန်မြို့​နေ ဟင်းလပေးချိုင့်ဆွဲရောင်းချနေသူ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်လာပါတယ်။

နိုင်ငံတကာသတင်း အခင်းအကျဥ်းနဲ့စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆက်စပ်သရော်ရေးသားခဲ့တယ်ဆိုတယ်ဆိုပြီး  ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နေ ဦးကြည်(ခ) ဦးကြည်မျိုးဇော်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ရက်၊ ညနေပိုင်းမှာ စစ်အုပ်စုက နေအိမ်ထဲအထိဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

“အမေရိကန်ကို လုံးဝမကျေနပ်၊ ဟိုနိုင်ငံကိုဝင်တိုက်ပြီး နိုင်ငံရဲ့ခေါင်းဆောင်ကိုဖမ်းသတဲ့၊ ဖမ်းသင့်တာကြာပြီဖြစ်တဲ့ အကောင်ကျမဖမ်းဘူ။” ဆိုပြီး ဦးကြည်က သူ့ရဲ့လူမူ့ကွန်ရက်စာမျက်နှာအကောင့်ကတဆင့် ဇန်နဝါရီလ ၃ရက်နေ့ မနက်ပိုင်းမှာ ရေးသားထားခဲ့ပါတယ်။

ဖမ်းဆီးခံထားရသည့် ဦးကြည်(ခ) ဦးကြည်မျိုးဇော်အားတွေ့ရစဥ် (ဓာတ်ပုံ စစ်အုပ်စု)

ဒါဟာ အဲ့ဒီနေ့ မနက်အစောပိုင်းကဖြစ်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ သမ္မတမာဒူရိုကို အမေရိကန်အထူးစစ်ဆင်ရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်နဲ့ဆက်စပ်ပြီး မြန်မာပြည်စစ်ခေါင်းဆောင်မင်းအောင်လှိုင်လည်း အလားတူဖမ်းဆီးခံရစေဖို့ ရည်ရွယ် ရေးသားတာဆိုပြီး စစ်အုပ်စုထောက်ခံသူတွေက ဖမ်းဆီးခိုင်းခဲ့တာဖြစ်ပါတယ်။

ဦးကြည်ရေးသားခဲ့တဲ့ ပို့စ်ထဲ မင်းအောင်လှိုင် နာမည်နဲ့ အဖွဲ့စည်းနာမည်တွေမပါပေမယ့်လည်း နိုင်ငံရေးအကျဥ်းသားဟောင်း၁ယောက်လည်းဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်အုပ်စုထောက်ခံသူတွေရဲ့ အဓိကပစ်မှတ်ထားဖမ်းဆီးခိုင်းတာခံရတာလို့လည်းပြောဆိုကြပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းနေသူတွေ စစ်ခေါင်းဆောင်နဲ့အကြမ်းဖက်စစ်တပ်အဖွဲ့စည်းတွေကို ဝေဖန်ပြောဆိုမှုမရှိသလောက်ဖြစ်အောင်အထိ စစ်တပ်ထောက်ခံသူတွေက ဆိုးဆိုးရွားရွား လေ့လာစောင့်ကြည့်နေကြပြီး ပြင်းပြင်းထန်ထန်အရေးယူခံရအောင် အထိ လူအခွင့်အရေးချိုးဖောက်နေကြတာလည်းဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဟုမ္မလင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးကာ ရိက္ခာများ မျှဝေထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး၊ ရိက္ခာတွေမျှဝေထောက်ပံ့ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

စလင်း ပကဖ နှင့် ပြည်သူများ ပူးပေါင်း လမ်းပြုပြင် (ဓာတ်ပုံသတင်း)

စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေနဲ့ ဆေးတပ်သား ရဲမေတွေဟာ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ကျေးရွာအတွင်း အများပြည်သူ သွားလာရခက်ခဲနေတဲ့ လမ်းတွေကို ၃ ရက်ဆက်တိုက် ပြုပြင်မွမ်းမံ လမ်းပြင်လုပ်အား ဒါနပြုခဲ့တယ်လို့ စလင်းပကဖက ထုတ်ပြန်ထားပါတယ်။
Read More

ရေဦးမြို့နယ် အင်ပုထိုးကျေးရွာကို စစ်ကောင်စီတပ် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၁ ဦး သေပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အင်ပုထိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) - ရေဦး PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံ ခမရ (၁၅) မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ် ကျရောက်ပြီး ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံ ခမရ (၁၅) ကနေ ဟောင်ဝစ်ဇာ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရှမ်းတောင်-ကရင်နီ တိုင်းစစ်ဌာန၊ ဗျူဟာ ၁၁ ၏ စစ်မြေပြင်တပ်မှူးများသင်တန်း အောင်မြင်စွာကျင်းပပြီးစီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ ရှမ်းတောင်၊ ကရင်နီတိုင်းစစ်ဌာန နည်းဗျူဟာ အမှတ် (၁၁) မြေပြင်တပ်မှူးများ သင်တန်းဆင်းပွဲကို ကရင်နီပြည်တနေရာမှာ ဇွန် ၁၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။