မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မြင်းခြံမြို့မှာ Myingyan Black Tiger မြင်းခြံခရိုင်အမှတ်(၉) တပ်ရင်းနဲ့အတူပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၆ ရက်နေ့ တစ်ရက်တည်းမှာ တိုက်ခိုက်ရေးနှစ်ကြိမ်ဖော်ဆောင်လိုက်ပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံး သွားတယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ မြင်းခြံမြို့ ပိုက်တဲကုန်းကျေးရွာအနီးကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကိုကြားဖြတ်တိုက်ခိုက်ရာမှာ သုံးယောက်သေဆုံးသွားတာလို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ လေးအိမ်တန်းကျေးရွာ အကြမ်းဖက်စစ်တပ် ရွှေညောင်ပင်ဂိတ်ကို MBT နဲ့ မဟာမိတ်တွေကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၀ ယောက်သေဆုံးခဲ့ပြီး ၂ ယောက်အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

(ဓာတ်ပုံ Myingyan Black Tiger)
(ဓာတ်ပုံ Myingyan Black Tiger)

ဒီတိုက်ခိုက်မှုတွေကို Myingyan Black Tiger (MBT)မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်းနဲ့အတူ MGN အညာသားပြောက်ကျားတပ်၊ Onemore စစ်ကြောင်း၊ မြင်းခြံခရိုင်အမှတ် (၂) တပ်ရင်း အပါအဝင် မိုရှည်ဒါးယမ်းအဖွဲ့၊ YLK တပ်ဖွဲ့နဲ့ အမေ့လက်ရုံးတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မန္တလေးတိုင်း၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၊ ကုကုန်းရွာ၊ ကျောက်ပြုတ်ရွာတွေမှာတိုက်ခိုက်ရေးဖော်ဆောင်နိုင်လို့ အကြမ်းဖက်စစ်သားတွေ သေဆုံးမှုရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ Myingyan Black Tiger)
0 Shares:
You May Also Like
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်း စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးများ သေဆုံးသည့်အပေါ် ကုလက များစွာ စိုးရိမ်ပူပန်နေပြန်…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေး စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များ သေဆုံးရမှုအပေါ် များစွာစိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
Read More

AA နဲ့ ရိုဟင်ဂျာတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး AA က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့အတွင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ စစ်ကော်မရှင်တပ်သားများကို ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါ ၇ ဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါ ၅ ဦး ဒဏ်ရာရ…

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်−ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာရှိ ယက္ကန်းစင်ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

KIO မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နှင့် ယောတပ်တော် တွေ့ဆုံဆွေးနွေး (ဓာတ်ပုံသတင်း)

ယောဒေသမှာ အခြေပြုပြီး စစ်ရေးလှုပ်ရှားနေတဲ့ ယောတပ်တော် (YA) ရဲ့ တာဝန်ရှိသူတွေက ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။