ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်က စစ်အုပ်စုကို ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့တယ်လို့ ပြည်ခရိုင် ၃၈၀၁ တပ်ရင်း စစ်ထောက်လှမ်းရေး နဲ့ သတင်းပြန်ကြားရေးဆီက သိရပါတယ်။

ဇန်နဝါရီ ၆ရက် မနက် ၂ နာရီခွဲလောက်မှာ ရွှေတောင်ကုန်းရွာ စစ်အုပ်စု ဂိတ်စခန်းကို ကာကွယ် ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ ပြီးစစ်အုပ် စုဘက်က သုံးယောက်သေဆုံးပြီး တစ်ယောက်ထိမှန် ဒဏ်ရာရရှိသွားတယ်လို့ဆိုပါတယ်။

အဲဒီဂိတ်မှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ရှိပြီး အဆိုပါနေရာမှာဂိတ်ချထားတာဟာ ပြီးခဲ့တဲ့ ၂၀၂၃- ၂၀၂၄ ခုနှစ်ကတည်းက ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုဟာရွှေတောင်ကုန်းဂိတ်မှာ အင်အားအများအပြား ထပ်မံတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

ပြည်ခရိုင် ၃၈၀၁ တပ်ရင်းမှရဲဘော်များ



ထိတွေ့မှုဖြစ်ပွားပြီးနောက် အဲ့ဒီနေရာကို စစ်ကူပေးဖို့လာတဲ့ ရွှေကြို့ပင် အထိုင်ဂိတ်စခန်းက စစ် အုပ်စုတပ်သားတွေဟာ ကားတစ်စီး၊ ဆိုင်ကယ်တစ်စီး နဲ့ ရောက်လာချိန် သဲကုန်းမြို့ အနောက် ဘက်အထွက် မြို့အဝင်ဆိုင်းဘုတ်ကြီးအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းဆွဲခံရတဲ့ အချိန်မှာ ထိခိုက်သေဆုံးတာကို ကျွန်တော်တို့မသိရဘူး။ ဆိုင်ကယ်၂ စီးလဲသွားတာကိုတော့ မျက်မြင်တွေ့ရတယ်။ မိုင်းဆွဲခံရပြီးသူတို့ကနောက်ကို ပြန်ဆုတ်သွားတာ မဟုတ်ဘူး။ အဲဒီနားမှာ ရပ်ပြီးဟိုပစ်ဒီပစ်ပြီးကြာမှ အရှေ့ဘက်ကိုဆက်ထွက်လာတာ” လို့ ၃၈၀၁ တပ်ရင်း စစ်ထောက် လှမ်းရေး နဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

အဲ့ဒီထိတွေ့ပစ်ခတ်မှု နဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့်ထိမှန်ဒဏ်ရာရသွားသူတွေ နဲ့ သေဆုံးသူတွေကို ရွှေတောင်မြို့ ကုတင် (၁၀၀) စစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဗျူဟာ (၂၁) က ဦးစီးပြီး ပြည်ခရိုင်အမှတ် (၁) ၃၆၀၁ တပ်ရင်း တပ်ခွဲ (၁) နဲ့ သဲကုန်းမြို့နယ် ပကဖတို့က လုပ်ဆောင်ခဲ့ကြတာပဲဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မုန်တိုင်းဒဏ်ကို အံတုပြီး ခြေလျင်ခရီး ၆ ရက်ကြာ စစ်ကြောင်းချီခဲ့တဲ့ 96 Soldiers PDF ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ 96 Soldiers PDF က ရဲဘော်တွေဟာ မုန်တိုင်းဒဏ်ကို အံတုပြီး ခြေလျင်ခရီးနဲ့ ၆ ရက်ကြာ စစ်ကြောင်းချီခဲ့ရတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းပြီးမြောက်လာတဲ့ ရေးပြောက်ကျားတပ် ထူးချွန်ဆုရရဲဘော်များကို ဂုဏ်ပြု

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂)၊ ရေးပြောက်ကျားတပ် (YGF)က အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF သင်တန်းဆင်းရဲဘော်တွေကို ဂုဏ်ပြုတဲ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သီတင်းကျွတ်လပြည့်ညတွင် မင်းပြင်ရွာထဲမှ နေအိမ် ၁၀ လုံးခန့်ကို စစ်အုပ်စု မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အဆိုပါကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

ပခုက္ကူနှင့် ကမ္မအစပ်က ကမ္မ-မြစ်ခြေ ကားလမ်းပေါ်မှာ အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး ၁ဝ ယောက်ခန့် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်မှာ ရွာကိုမီးရှို့ဖျက်ဆီးပြီးထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် နီးပါး သေဆုံးနိုင်ကြောင်း ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆောင်းပြောင်းကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် KNDF တပ်ရင်း(၂၉) မှ စစ်ကြောင်းမှူးနှင့် တပ်ခွဲမှူးတို့၏ စျာပန

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း‌ကျေးရွာ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့  ရဲဘော် ၂ ယောက်ရဲ့ စျာပနာအခမ်းအနား မှတ်တမ်းပုံရိပ်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၂၉ က ဒီနေ့ ထုတ်ပြန်ပါတယ်။ 
Read More

ကျောက်မဲမြို့နယ် စစ်ဘေးရှောင် ပြည်သူများအတွက် SSPP/SSA စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။