ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်မှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ရှစ်ဦးအထိ သေဆုံးခဲ့ရတယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာအရ သိပါတယ်။

အစီရင်ခံစာမှာ အရပ်သားသေဆုံးသူဦးရေ ရှစ်ယောက်အထိရှိနေပြီး ရှစ်ယောက်လုံးဟာ ဘီးလင်းမြို့နယ်ကဖြစ်တယ်လို့ဆိုပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူလည်း (၁၁) ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် အရပ်သား ဖမ်းဆီးခံရသူဦးရေ ၂၇ ယောက်ထက်မနည်းရှိနေကာ ဘီးလင်းမြို့မှာ ငါးယောက်၊၊ ကျိုက်ထိုမြို့မှာ ၂၂ ယောက် ရှိပြီး အဲ့အထဲမှာရွေးကောက်ပွဲ ဥပဒေကြောင့် ဖမ်းဆီးခံရသူ ခုနှစ် ယောက်ရှိတယ်လို့သိရပါတယ်။

ဒီဇင်ဘာလအတွင်း မွန်ပြည်နယ်မှာ တိုက်ပွဲ ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်နဲ့ ရေးမြို့နယ်တွေက သာသနိကအဆောက်အအုံ နှစ်လုံး၊ အရပ်သားနေအိမ် ကိုးလုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကာ အရပ်သားပိုင် ကျွဲ၊ နွား၊ တိရစ္ဆာန်တွေလည်း သေကြေပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်တွင် စစ်တပ်က မွန်ရွာဖြစ်သည့် ဓမ္မသရွာကို မီးရှို့ဖျက်ဆီးခဲ့စဥ်

စစ်အုပ်စုဟာ အရပ်သား နေထိုင်ရာဒေသတွေကို စစ်ကြောင်းထိုးပြီး ဖမ်းဆီးခြိမ်းခြောက်တာတွေ၊ ပြည်သူပိုင်ပစ္စည်း ခိုးယူလုယက်တာတွေ၊ စစ်မှုထမ်းဥပဒေကို အသုံးချပြီး ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်တာတွေကို ကျူးလွန်နေ တယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

စစ်အုပ်စုက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ မဲဆွယ်စည်းရုံးရေးဆင်းချိန် လုံခြုံရေးအဖြစ် လိုက်ပါလာတဲ့ ပြည်သူ့စစ်တွေက အရပ်သားပြည်သူပိုင် စားသောက်ဆိုင်တွေမှာ ငွေမပေးဘဲ လက်နက်ပြခြိမ်းခြောက်ကာ စားသောက်တာ တွေလည်း ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်အုပ်စု အာဏာသိမ်းပြီးနောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မွန်ပြည်နယ်မှာ အနည်းဆုံး အရပ်သားဖမ်းဆီးခံရသူ (၂၂၅၂) ယောက်၊ ထိခိုက်ဒဏ်ရာရသူ (၅၉၁) ယောက်လောက်ရှိခဲ့ပြီး သတ်ဖြတ်ခံရသူ (၃၄၄) ယောက် ရှိနေပြီလို့ လဂွန်းအိမ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်း မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ် စနစ်ဖြင့် လျှပ်စစ်မီးပြန်လည် ဖြန့်ဝေမည်

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့ကို ၄ နာရီလာ ၈ နာရီပြတ်စနစ်ဖြင့် ယခင်ကလို လျှပ်စစ်မီး ပြန်လည်ဖြန့်ဝေသွားမှာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမှာ စစ်ကောင်စီတပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် တော်လှန်ရေးရဲဘော် ၂ ဦး၏ စျာပန

ကရင်နီပြည်ရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ယောက်ရဲ့ စျာပနအခမ်းအနားပြုလုပ်ခဲ့တယ်လို့ မြို့ပြတော်လှန်ရေးတပ်ဦး (Urban Revolutionary Front - URF) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်၊ စစ်သား ၃ ဦးသေကာ ၈ ဦးဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိ…

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ သံချပ်ကာယာဥ် ၄ စီး၊ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ၄ ရက်ဆက် လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (မီးနဂါးတပ်ဖွဲ့) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောင်တွင်းကြီးနှင့် ဆင်ပေါင်ဝဲကြား စစ်ကောင်စီနှင့် PDF ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦး သေပြီး ထိခိုက်ဒဏ်ရာရသူ များပြား

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တောင်တွင်းကြီး-ဆတ်သွား ရိုးမပတ်လမ်းအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။
Read More

မင်္ဂလာဒုံဆေးရုံ တစ်ခေါက်လိုက်ပို့ရင် ဓာတ်ဆီ ၁၅ ဂါလံ ပေးမယ်လို့ ပရဟိတအသင်းတွေကို စစ်ကောင်စီ ကမ်းလှမ်း

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း ပရဟိတအဖွဲ့အစည်းတွေကို စစ်ကောင်စီက သူတို့ရဲ့ ဒဏ်ရာရစစ်သားတွေကို  ရန်ကုန် မင်္ဂလာဒုံဆေးရုံ တစ်ခေါက်ပို့ပေးရင် ဆီ ၁၅ ဂါလံ ပေးမယ်လို့ ကမ်းလှမ်းပြောဆိုမှုတွေ ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။