မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း စစ်အုပ်စုရဲ့ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုရင် ၁ ပါး ပျံလွန်တော်မူပြီး လူ ၃ ယောက် သေဆုံးထားကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနေသေးတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

ဇန်နဝါရီလအစပိုင်းကတည်းက  ဂန့်​ဂေါ၊ ဆောနဲ့ ထီးလင်းမြို့နယ်တွေကို စစ်အုပ်စုက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေလို့ အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိနေတာပါ။

စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ ၃၊ ၄နဲ့ ၇ရက်နေ့တွေမှာ ထီးလင်းနဲ့ ဂန့်ဂေါမြို့နယ်တွေကစစ်ဘေးရှောင် ၂ယောက်သေဆုံးပြီး ကိုရင် ၁ ပါးလည်း နှလုံးရပ်ပျံလွန်တော်မှုခဲ့တယ်လို့  သိရပါတယ်။

ယောနယ် ခေါ် ဂန့်ဂေါခရိုင်အတွင်းက မြို့တွေမှာ တစ်ပက်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး ဗုံးသီးအလုံးရေ ရာနဲ့ချီကြဲချခံထားရတယ်လို့ ကိုမင်းဒဿက ပြောပါတယ်။

စစ်အုပ်စုဟာ မိတ္ထီလာနဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ၊ Y12၊ A-5Bomber ၊ Yak-130 ဖိုက်တာတွေအသုံးပြုပြီး ဂန့်ဂေါနဲ့ ထီးလင်းနယ်အတွင်းက​ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ဆိုပါတယ်။

တိုက်ပွဲမရှိတဲ့ စစ်ဘေးရှောင်နေရာတွေကိုပါ ပစ်မှတ်ထားနေတာလို့ ကိုမင်းဒဿက ပြောပါတယ်။

“တပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုက ယောနယ်နေရာအားလုံးမှာ၁၅ ကြိမ်ထက်မနည်းရှိတယ်။ ၅ယောက်ထက်မနည်းထိခိုက်ထားတာမှာ ၃ ယောက် သေဆုံးပါတယ်” လို့ မောင်းကို ပြောပါတယ်။

ဇန်နဝါရီလ ၇ ရက် မနေ့ညပိုင်းကလည်း ဂန့်ဂေါမြို့အနီး မြင်းဇာရွာ ဘုန်းကြီးကျောင်းကို  ဂျက်ဖိုက်တာနဲ့ ရော့ကတ်​ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့ပါသေးတယ်။

” ဂျက်ဖိုက်တာနဲ့ ချသွားတာ ကျောင်းက ကိုရင်လေးရယ် ဘုန်းကြီး၁ပါးရယ်ထိပါတယ်။ ကျောင်းထဲကကျောင်းဆောင် တွေတော့ မီးလောင် ပျက်စီးသွားတယ်။ ဂျက်ဖိုက်တာက ကလေးနယ်ကနေ ဝဲပြီးလာတာ” လို့ ကိုမင်းဒဿက မောင်းကို ပြောပါတယ်။

လာမယ့် ဇန်နဝါရီလ ၁၁ရက်နေ့ ဂန့်ဂေါ​မြို့ပေါ်မှာ ရွေးကောက်ပွဲအတုလုပ်ဖို့ ရှိနေတဲ့အတွက် စစ်အုပ်စုက အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

ခလရ (၅၀)တပ်ထဲကနေ မြို့အနီးကျေးရွာတွေဖြစ်တဲ့ စိုင်ဒူး၊ ဇဟော၊ လုံဟော စတဲ့ ရွာဘက်တွေဆီလည်း လက်နက်ကြီး ၁၂၀မမတွေ မကြာခဏပစ်ခတ်တာမျိုးရှိ​နေတယ်လို့သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကစလို့ ဂန့်ဂေါခရိုင်အခြေစိုက် တော်လှန်ရေးတပ်တွေက Yawland Operation ကိုစတင်ဖော်ဆောင်လာတာကြောင့် စစ်အုပ်စုဘက်ကအခုလို လေကြောင်းတိုက်ခိုက်တာတွေနဲ့ တပ်တွင်း အင်အားအပြောင်းအလဲလုပ်တာတွေရှိလာတာလို့ ကိုမင်းဒဿကပြောပါတယ်။

ဂန့်ဂေါခရိုင်အတွင်းအခုလို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်နေတာတွေကြောင့် အရပ်သားတွေအနေနဲ့ အထိပခိုက်မရှိအောင် အထူးသတိပြုနေ ထိုင်သင့်တယ်လို့လည်း ယောအလင်းတန်းက အသိပေးထားပါတယ်။

ဂန့်ဂေါမြို့နယ်၊ မြင်းဇာရွာ လေကြောင်းတိုက်ခိုက်ခံရပြီး မြင်ကွင်းအားတွေ့ရစဥ် (ဓာတ်ပုံ ယောအလင်းတန်း)

0 Shares:
You May Also Like
Read More

ပေါင်းတည်မှာ အင်အား ဖြည့်တင်းဖို့ လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံး…

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းဆီက သိရပါတယ်။
Read More

စစ်တပ်မှ ၂ ကြိမ်ထွက်ပြေးခဲ့ဖူးသည့် စစ်မှုထမ်းတပ်သား ၃ ကြိမ်မြောက်တွင် အောင်မြင်စွာ အလင်းဝင်လာနိုင်ခဲ့

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ်ရင်းကနေ  စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့ကိုသွားတဲ့ စစ်တပ်ရိက္ခာတင်ကား ၃ စီးနဲ့ စစ်ကြောင်းကို ငဖဲမှာ တိုက်ခိုက်၊ စစ်သား ၂၃ ယောက် သေပြီး စစ်ကား ၂ စီးပျက်စီး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့ဘက် ဦးတည်နေတဲ့ အကြမ်းဖက်စစ်တပ် ရိက္ခာတင်ကား ၃ စီးနဲ့ ငဖဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အမြန်လမ်း ၁၀၁ မိုင်အနီး စစ်ကောင်စီ၏ ဆင်ဇလုပ်ဂိတ်ကို ​ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်တိုက်၊ စစ်သား ၄ ဦး သေပြီး ၃ ဦး ဒဏ်ရာရ

ပဲခူးတိိုင်း၊ ကျောက််တံခါးမြို့နယ်၊ ရန်ကုန် -နေပြည်တော် အမြန်လမ်းပေါ်က အကြမ်းဖက်စစ်တပ်ဂိတ်ကို  ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၄ယောက်သေပြီး ၃ယောက်ထိိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးခရိုင် ပကဖက ပြောပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး၏ အခြေခံစစ်ပညာသင်တန်း အပါတ်စဥ်(၄) ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် သင်တန်းဆင်းပွဲ အခမ်းအနား

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) က ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း၊ အပါတ်စဥ်(၄)  ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက် မနေ့က အညာဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ပြုလုပ်သည့် (၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား (ဓာတ်ပုံသတင်း)

(၈၆) နှစ်မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ဒေသ တနေရာမှာ ဩဂုတ်လ ၁၅ ရက် ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။