အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းတွေ အတွက်သံပြားအပါးတွေကို ကျည်ကာပြားအဖြစ် တပ်ဆင်ပေးထားတယ်လို့ Southern Eagle PDF က အသိပေးထားပါတယ်။
ကျည်ကာပြားတွေကို အလင်းဝင်ရောက်လာတဲ့ ပြည်သူ့စစ် နှစ်ယောက်ဆီက ရရှိထားတာဖြစ်ပြီး သူတို့ရဲ့ လစာထဲက ငွေဖြတ်ယူပြီး တပ်ဆင်တာလို့ ဆိုပါတယ်။
”အလင်းဝင်လာတဲ့ အစ်ကို ၂ ယောက်ကို ဆင်ပေးထားတာတဲ့ ကျည်ကာပြားထုကို ကြည့်အုန်း။ နှီးပြားသာသာပဲရှိတယ်။ ဆင်ပေးတာတောင် မဟုတ်ဘူးနော်။ သူတို့ဟာ သူတို့ ဝယ်ရတယ်တဲ့။ သူတို့ လစာထဲက ဖြတ်တယ်တဲ့” လို့ Southern Eagle PDF ရဲဘော်က ဆိုပါတယ်။
Video – Southern Eagle PDF