ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးဒေသထဲမှာရှိတဲ့ အမှတ် ၆၆၆ ပွိုင့်ကုန်းဆီ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဒုတိယဗိုလ်မှုူကြီးအပါအဝင် တပ်သား ၇ ​ယောက် သေဆုံးသွားတဲ့ ဖြစ်စဉ်လည်း ရှိနေပါတယ်။

“ စအခ (၁၀) ကလေးအခြေစိုက်တပ်က သေသွားတာ။ ကျွန်တော်ကတော့ ခေတ္တနည်းဗျူဟာမှူးလို့ထင်တယ်။ ယူနီဖောင်းမှာက စအထ ၁၀ လက်အောက်ခံတပ်ဆိုပြီးတော့ ဝတ်ထားတာ။ ပြီးတော့ ဒီဒုတိယဗိုလ်မှူးကြီး တယောက်လည်း သေသွားတဲ့အတွက် တိုင်းမှူး ဒါမှမဟုတ်ရင် မင်းအောင်လှိုင်၊ စိုးဝင်း သူတို့ထဲကနေ လာဖို့ရှိတယ်။ အခုပန်းတောင်းတပ်နယ်ကို တပ်လှန့်ထားတယ် ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကိုပြောပါတယ်။

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမယ်ဆိုတဲ့ သတင်းဟာ AA နဲ့ တော်လှန်ရေးတပ်တွေ အခုစစ်ကြောင်းကို မတိုက်ခိုက်ခင်၊ စစ်တပ်ဘက် ဗိုလ်မှူးကြီး မသေဆုံးခင် ကတည်းက သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး အကြောင်းအရင်းမှာ ကာကွယ်ရေးစက်ရုံတွေကို လာကြည့်ဖို့ ဖြစ်နိုင်သလို ပန်းတောင်းနယ်ထဲက သမိုင်းဝင်နေရာတွေမှာ ယတြာလာခြေဖို့လည်း ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

“ အကုန်လုံးခြုံကြည့်ရင်တော့ စစ်တပ်က ထပ်နာဦးမှာပဲ။ ဘာလို့လဲဆိုတော့ မသုန်ကနေ ပွိုင် ၆၆၆ လမ်းက မိုင်းထောင်ပြီးတော့ အာရက္ခတပ်တော်ဘက်က စိုးမိုးထားတဲ့ ပုံစံမျိုးပဲ။ ပြီးတော့ စစ်တပ်ကလည်း အဲဒီ ၆၆၆ စခန်းက ကျသွားလို့ မရဘူး။ အဲ့တော့ စစ်တပ်က တက်လာသမျှ အဖွဲ့ကို ကြားထဲကနေ တိုက်ခိုက်မှာပဲ။ အခုဆိုလည်း ခေတ္တနည်းဗျူဟာမှူးအဆင့် လောက်ခံလိုက်ရတာဆိုတော့ ထပ်ပြီးတော့ အင်အားတွေ ထပ်ဖြည့်နေတာပဲ။ ဒါပေမယ့် ထပ်သွားရင် ထပ်ပြီးတော့ ကြားဖြတ်တိုက်နေမှာပဲ။ ပြီးတော့ ၆၆၆ နဲ့ ကပစ ၁၆ ကြားနေရာကလည်း လေကြောင်းပစ်ဖို့ကို ကန့်သတ်ချက်တွေ ရှိတဲ့ပုံစံမျိုးရှိတယ်။ အဲ့တော့ သူတို့က ထပ်ခါထပ်ခါ ခံနေရမယ့် အနေအထားမျိုးကိုတွေ့ပါတယ် ” လို့ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။

​ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်တပ်ဆီကနေ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်တချို့ကို AAနဲ့ပူး‌ပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိထိလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ မှာ မြန်မာပြည်သူ (၁၅) သန်းလောက် ငတ်မွတ်ခေါင်းပါးမှု ရင်ဆိုင်ရနိုင်

မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူ ၁၅ သန်းခန့်ဟာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ်  ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

သပိတ်ကျင်းမှာ စစ်ကောင်စီတပ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေကို ပစ်မှတ်ထားပြီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျဆုံး အာဇာနည်သူရဲကောင်းများ၏ မိသားစုဝင်များအား “ပြည်သူမှပြည်သူသို့” အစီအစဥ်ဖြင့် ထောက်ပံ့ ဂုဏ်ပြုပေးအပ်

အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ငွေနဲ့ ပစ္စည်းတွေ သွားရောက်ပေးအပ်ခဲ့ကြောင်း Natogyi PDF က ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့နယ်တွင် ယနေ့မနက် အကြမ်းဖက်စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်း ပကဖ တပ်ဖွဲ့ (၁) က ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်နေ… (ဓာတ်ပုံသတင်း)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ဖွဲ့ (၁) အနေနဲ့ အခြေစိုက်ရာနယ်မြေ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေး ကူညီဆောင်ရွက်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။