မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ တရစပ်လု​ပ်​ဆောင်နေတဲ့အတွက် ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိအောင် အရပ်သားတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးပြီး၊ သတိပြုနေထိုင်ကြဖို့ လိုအပ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုရောင်နီက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကစလို့ ဒီနေ့အထိလေးရက်ဆက်ဆိုသလို ဂန့်ဂေါခရိုင်အတွင်းက ဂန့်​ဂေါ၊ ဆောနဲ့ ထီးလင်းမြို့နယ်တွေကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပြီး အရပ်သားနေအိမ်တွေနဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးထားတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ မိတ္ထီလာနဲ့ တံတားဦးလေဆိပ်တက် ဂျက်ဖိုက်တာ၊ Y12၊ A-5Bomber၊ Yak-130 ဖိုက်တာတွေအသုံးပြုပြီး ဂန့်ဂေါခရိုင်အတွင်းကို ၁၂ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ထားရာမှာ ဗုံးသီး အလုံး ၈၀ နီးပါးကြဲချခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ဖြစ်တဲ့ ယောအလင်းတန်းကဖော်ပြထားပါတယ်။

စစ်အုပ်စုရဲ့ ဂျက်ဖိုက်တာကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းကျေးရွာက လူနေအိမ်တွေနဲ့ စပါးသိုလှောင်ရာ စပါးတိုက်တွေပျက်စီးပြီး စပါးတင်းရေ ၆၀၀ ကျော် ဆုံးရှုံးခဲ့တယ်လိို့လည်းသိရပါတယ်။

အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဥ်တစီးအား တွေ့ရစဥ်

ဒါ့အပြင် ဇန်နဝါရီလ ၆ရက် ဒီနေ့မှာလည်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေပြီး ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုဒေသဖက်ကို Y 12 ဘက်စုံသုံးလေယာဥ်နဲ့ ဗုံး ၇၅ လုံးနီးပါး အကြောင်းမဲ့ကြဲချသွားတယ်လို့ ယောအလင်းတန်းက​ပြောပါတယ်။

လက်ရှိအခြေအနေအရ လူအသေ ပျောက်မရှိသေးပေမယ့်လည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေကြောင်းနဲ့ လေကြောင်းရန်အန္တရယ်အတွက် အထူးဂရုပြုသင့်ကြောင်း ယောအလင်းတန်း အဖွဲ့ဝင် ကိုရောင်နီက ပြောပါတယ်။

” ကျေးရွာတော်တော်များများက ဗုံးခိုကျင်းတူးထားကြတာ နည်းလွန်းတယ်ဗျ။ ဒါကြောင့် လေကြောင်းတိုက်ခိုက်ခံရမှုတွေဖြစ်လာရင် ထိခိုက်ဖို့ပိုများတယ်။ ပုန်းခိုနိုင်ဖို့ မဖြစ်မနေ ဗုံးခိုကျင်းတွေတူးထားဖို့လိုကြောင်း ပြည်သူတွေကို သတိပေးပါရစေ။ လေကြောင်းတိုက်ခိုက်မှုတွေက ဒီထက်မကပိုဆိုးလာမယ့်အနေအထားတွေတွေ့နေရပါတယ်။ ” လို့ ယောအလင်းတန်း အဖွဲ့ဝင် ကိုရောင်နီက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဂန့်ဂေါခရိုင်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းကျေးရွာတွေကို ဗုံး​ကြဲတိုက်ခိုက်ဖို့အတွက် စစ်အုပ်စု ထောက်ခံသူတွေက တိုက်တွန်းပြောဆိုတာတွေရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ကုန်လောက်ကစလို့ ဂန့်ဂေါခရိုင်စစ်ဌာနကနေ ဦးဆောင်ပြီး Yawland Operation စတင်နေကြောင်း နဲ့ ဂန့်ဂေါနယ်အတွင်း စစ်အုပ်စုတပ်စခန်းတွေတိုက်ခိုက်နေကြောင်း သတင်းတွေလည်းထုတ်ပြန်ထားပါတယ်။

ဒီနေရာမှာ လေကြောင်းတိုက်ခိုက်တာတွေအပြင် ဂန့်ဂေါမြို့ပေါ် ခလရ (၅၀) တပ်ကနေ အနီးအနား​ကျေးရွာတွေထဲ လက်နက်ကြီး (၁၂၀) မမ ရမ်းကားပစ်ခတ်တာတွေပလည်း ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံမှာ အကြမ်းဖက် သီတာယုမွန်လက်အောက်ခံ စစ်အုပ်စုတွေက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန် လက်အောက်ခံပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

ဖယ်ခုံမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police က ထုတ်ပြန်ထားပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်ခြင်းဟာ နိုင်ခြေကို လုံးဝ စွန့်လွှတ်ခြင်းဟု ဦးကိုကိုကြီး ပြော

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြုလုပ်ပြီးစီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း တစ်ယောက်သာ အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ရွေးကောက်ပွဲ မပြိုင်တာထက်စာရင် ပြိုင်တာက ကိုယ်စားပြုခွင့် အထိုက်အလျောက် ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
Read More

ရွှေဘိုမှာ ပေါ်တာဆွဲခံရတဲ့ စစ်ကောင်စီတပ်သားသစ် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမှာ စစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ စစ်မှုထမ်း တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လှန်ရေးတပ်ဖွဲ့တွေထံ လာရောက်ပူးပေါင်းခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေး (၁) ယောက်အပါ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကကြောင့် ကလေး (၁) ယောက်အပါ (၂) ယောက်တို့ ထိခိုက်ခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရပ်ကွက်ရုံးကို ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ အတုအယောင် ရွေးကောက်ပွဲအတွက် သတိပေးခြင်း ဖြစ်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်က ၆၇ ရပ်ကွက်ရုံးကို ချိန်ကိုင်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က သတင်းထုတ်ပြန်လာပါတယ်။