စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဖြစ်ပေါ်နေတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကို ပါတီအနိုင်ရရင် ဖြေရှင်းပေးမယ်လို့ USDP ကျောက်တန်းမြို့နယ် ကိုယ်စားလှယ်က ပြောဆိုမဲဆွယ်ခဲ့ပါတယ်။

၂၀၂၀ ကနေ ၂၀၂၅ ခုနှစ်အတွင်း ဒီမိုကရေစီရပ်တန့်နေပြီး စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဖြစ်ပေါ်လာတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှု၊ သွားလာရေးအဆင်မပြေမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကို အရပ်သားအစိုးရတက်လာတဲ့အချိန် ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ အကြပ်အတည်းတွေကနေ ရုန်းထွက်ဖို့နဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင် လာနိုင်ဖို့ အရပ်သားအစိုးရတက်လာမှာ ဖြစ်နိုင်မယ်လို့လည်း ဆိုပါတယ်။

” ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေးတယ်လို့ ခေါ်တာပေါ့နော်။ ပြည်သူလူထုရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရ တက်လာမှာပဲ ဆောင်ရွက်ရမှာဖြစ်တယ် ” လို့ ပြောဆိုခဲ့ပါတယ်။

Video- Daw Aye Min Moe

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်အတွင်း အများပြည်သူသွားလာရာ လမ်းပေါ်တွင် စစ်တပ်ထောင်ခဲ့သည့် မိုင်းများကို ဖယ်ရှားရှင်းလင်းပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် ထောင်သွားခဲ့တဲ့ မိုင်းတွေကို ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ဖယ်ရှားရှင်းပေးခဲ့တယ်လို့ Taung Tha People Defense Force က ထုတ်ပြန်ပါတယ်။
Read More

ခမရ ၅၉၁ တပ်ရင်းကို ရေးဘီးလူး ၆၀ မမ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရှိ စစ်ကော်မရှင်တပ်ရဲ့ ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူမြို့နယ် ရေလာလေးရွာရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးရွာက အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ အထိုင်ချထားတဲ့ ဂိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက် နေ့လည်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

မနေ့ညက မန္တလေးအပါအဝင် မြို့ကြီးအချို့မှာ အင်အားအသင့်အတင့်ရှိ ငလျင်ထပ်မံလှုပ်ခတ် (ရုပ်/သံ)

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ ဧပြီ ၁၇ ရက် မနေ့ညပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။
Read More

မြင်းခြံခရိုင် ဆုံရွာပျူစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးသီးကြဲချပြီး လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် ဆုံရွာပျူစခန်းရှိ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးကြဲချပြီး လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေခဲ့တယ်လို့ Myaung Drone Force မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာနှင့် ညောင်ဦးတွင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွါးပြီး စစ်ကောင်စီဘက်မှ အများအပြား သေ၊ တော်လှန်ရေးရဲဘော် ၁၁ ဦး ကျဆုံးခဲ့ရကာ ၁ ဦး ပျောက်ဆုံးနေ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်မှာ ရွာစဉ်လှည့်မီးရှို့နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးရဲဘော် ၁၁ ယောက်ကျဆုံးခဲ့ရကာ ၁ ယောက် ပျောက်ဆုံးနေကြောင်း Popa Production & Guerilla Force က သတင်းထုတ်ပြန်ထားပါတယ်။