အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူနဲ့သူ့ရဲ့အကြမ်းဖက်စစ်တပ်အတွက် ဝါဒဖြန့်နေသူ ဇော်မင်းထွန်း နဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့ကို ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ် တွေ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

စစ်ကောင်စီအကြိုက်ဝါဒဖြန့်ယန္တရားမှာ ပါဝင်ပေး‌နေမှုကြောင့် ပြည်သူတွေဝေဖန်နေကြတဲ့ ရုပ်ရှင်သရုပ်ဆောင်တချို့အပါအဝင် အခြားသရုပ်ဆောင်များစွာကိုလည်း မင်းအောင်လှိုင်က ဆုတွေပေးအပ်ခဲ့ပါသေးတယ်။ ဇန်နဝါရီလ ၄ ရက် ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခံရသူ ၁၈၄ ယောက်ရှိတယ်လို့ ဆိုထားပါတယ်။

Screenshot

စည်သူဘွဲ့ကို စစ်ကော်မရှင်ရဲ့ ဘဏ္ဏာရေးနဲ့ အခွန်ဝန်ကြီး ကံဇော်၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဇော်မင်းထွန်း၊ စာရေးဆရာတွေ ဖြစ်တဲ့ ဦးအုန်းဖေ (တက်တိုး) နဲ့ ဦးစိုးညွန့် (ထီလာစစ်သူ)၊ ဆိုင်းပညာရှင်တွေ ဖြစ်တဲ့ စိန်ဗိုလ်တင့် နဲ့ စိန်စတင်း၊ ရုပ်ရှင် သရုပ်ဆောင်တွေ ဖြစ်တဲ့ ကြည်ကြည်ဌေး၊ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ကျော်ဟိန်း၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ မို့မို့မြင့်အောင်၊ ရန်အောင်၊ မေသန်းနု၊ ပြေတီဦး၊ နေတိုး၊ ဒါရိုက်တာတွေ ဖြစ်တဲ့ ဦးသုခ၊ မောင်တင်ဦး နဲ့ ဝိုင်း၊ အတတ်ပညာရှင်တွေဖြစ်တဲ့ ဂီတလုလင် ဦးကိုကို၊ သန်းညွန့် (ပန်းသာ) နဲ့ ဇော်မင်း(ဟံသာမြေ) တို့ကို ပေးအပ်ခဲ့တယ်လို့ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ သတင်းမီဒီယာများက ဆိုပါတယ်။

အလင်္ကာကျော်စွာဘွဲ့ကိုတော့ စာရေးဆရာ၊ သတင်းစာ ဆရာ လူထု ဦးလှ၊ ‌လူထု ဒေါ်အမာ၊ စာရေးဆရာ မြသန်းတင့်၊ ဦးသိန်းဖေ (သိန်းဖေမြင့်)၊ ဦးဌေးမြိုင် (ဒဂုန်တာရာ) ၊ဦးမိုးနှင်း (ပီမိုးနင်း)၊ ဦးစိန်တင် (သိပ္ပံမောင်ဝ)၊ ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)၊ တေးရေးပညာရှင် မြသန်းစံ၊ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၊ တို့နဲ့ ရုပ်ရှင်သရုပ်ဆောင်တွေထဲက ရွှေဘ၊ ထွန်းဝေ၊ ဦးကျောက်လုံး၊ ခင်ယုမေ၊ ဒေစီကျော်ဝင်း၊ အံ့ကျော်၊ ဇော်ဝမ်း၊ နေအောင်၊ ခင်သီတာထွန်း၊ လွင်မိုး၊ ထွန်းအိန္ဒြာဗို၊ လူမင်း၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည် တို့ကို ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အဆိုပါလူပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ပေးအပ်ခဲ့တဲ့အပြင် အခြားစစ်ဘက်နယ်ဘက်က ပုဂ္ဂိုလ်တွေကိုလည်း ဆုတံဆိပ်တွေ ပေးအပ်ခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာထားပါတယ်။

ဒီလိုဆုတွေ ပေးအပ်နေတာနဲ့ ပတ်သက်ပြီး “စစ်ကော်မရှင်ဟာ ပြည်တွင်းပြည်ပမှာ သူ့ရဲ့အုပ်ချုပ်မှု ယန္တားကို တရားဝင်အောင် ကြိုးပမ်းနေတာမို့ စစ်တပ်အရာရှိတွေအပြင် ပြင်ပလောကက လူပုဂ္ဂိုလ်တွေ၊ အနုပညာနယ်ပယ်ကလူတွေကို မင်းအောင်လှိုင်က သူ့ဘက်မှာ ရှိတယ်ဆိုတဲ့ သဘောနဲ့ ဘွဲ့၊ တံဆိပ်တွေ ပေးနေတာ” လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူတွေက ဆိုနေကြပါတယ်။

စစ်ကောင်စီကိုယ်တိုင်က အာဏာကို လက်နက်အားကိုးနဲ့ မတရား ရယူထားတာဖြစ်လို့ သူတို့လုပ်သမျှ နဲ့ သူတို့ပေးသမျှဘွဲ့တွေဟာ ဥပဒေနဲ့ တစ်ခုမှ မညီညွတ်သလို၊ သူတို့‌ပေးသမျှ ဆုတွေဟာလည်း တရားလည်းမဝင်တာကြောင့် အချိန်တန်ရင် ပျက်ပြယ်သွားမှာလို့လည်း ၄င်းတို့က ဝေဖန်ပြောဆိုနေကြတာပါ။

ဒီလိုဆုတွေ ဖောဖောသီသီ ပေးလေ့ရှိတဲ့ မင်း‌အာင်လှိုင်ဟာ အာဏာရှင်ဟောင်းနေဝင်း၊ သန်းရွှေတို့ကို အဂ္ဂမဟာ သရေစည်သူဘွဲ့ ပေးခဲ့တဲ့အပြင်၊ သင်္ဂဟဘွဲ့တွေထဲမှာ ဒုတိယအမြင့်ဆုံးဖြစ်တဲ့ သတိုးသီရိသုဓမ္မဘွဲ့နဲ့ သတိုးမဟာ သရေစည်သူဘွဲ့ နှစ်ဘွဲ့ကိုလည်း မင်းအောင်လှိုင်က သူ့ကိုယ်သူ ခပ်တည်တည် ပြန်ပေးထားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်၊ ဖားဆောင်း PDF တပ်တည်ထောင်မှု (၂)နှစ်ပြည့် အခမ်းအနား ကျင်းပ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် မတော် ဖားဆောင်း တပ်ရင်းအမှတ် (၁၁၀၈ )တပ်တည်ထောင်မှု (၂) နှစ်ပြည့် အခမ်းအနားကို နို၀င်လာ ၃၀ မနေ့က ပြုလုပ်ခဲ့ပါတယ်။
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်မှ အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ စစ်သား ၂ ဦး KNU တပ်မဟာ (၄) ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ တပ်ရင်း (၂၈၀) ကနေ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ စစ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ (၄) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

အုတ်ဖိုတွင် စစ်ကြောင်းထိုး စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စု မျက်မြင် ၇ ဦး သေပြီး စက်တပ်လေထီး ဗုံးကြဲကာ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က မျက်မြင် ၇ ယောက်သေဆုံးကာ စက်တပ်လေထီး ဗုံးကြဲရင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုက်ပွဲအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပန… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃၀) အနေနဲ့ တိုက်ပွဲကအပြန် ထိခိုက်ဒဏ်ရာနဲ့ ကျဆုံးသွားခဲ့တဲ့ တပ်စုမှူး ရဲဘော် အာကြီးရဲ့ စျာပနအခမ်းအနားမှာ တပ်ရင်းရဲဘော်တွေက ​အမိန့်ပြန်တမ်း ဖတ်ရှုကာ အလေးပြုပြီး ကျန်ရစ်သူမိသားစုအပါ ပြည်သူတွေနဲ့အတူ မီးရှို့သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူများ စားသုံးဖို့ ဖြန့်ဖြူးထားသည့် ဘီစကွတ်များကို ရောင်းချပါက အရေးယူမည်ဟု ကုလ ထုတ်ပြန်

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ငလျင်ဘေးသင့်ပြည်သူတွေ စားသုံးဖို့ ဖြန့်ဖြူးပေးထားတဲ့ ဘီစကွတ်တွေကို ရောင်းချရင် အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ United Nations Myanmar က အသိပေးထုတ်ပြန်ပါတယ်။