မနေ့ညက ဖမ်းဆီးခံခဲ့ရတဲ့ ဗင်နီဲဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုကို အမေရိကန်မူးယစ်တိုက်ဖျက်ရေးတာဝန်ရှိသူတွေက ၄င်းတို့ရဲ့ ရုံးထဲကို ခေါ်ဆောင်သွားကြပြီလို့ သိရပါတယ်။

အမေရိကန် Drug Enforcement Administration ကထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ မာဒူရိုဟာ DEA NYD လို့ ဖော်ပြထားတဲ့ ကော်ဇောပေါ်မှာ လျှောက်လာပြီး “မင်္ဂလာညပါ။ မင်္ဂလာရှိသောနှစ်သစ်ပါ”လို့ ပြောဆိုသွားပါတယ်။

အဲ့ဒီဗီဒီယိုဟာ နယူးယောက်မြို့၊ မန်ဟက်တန်က အမေရိကန် မူးယစ်တိုက်ဖျက်ရေးရုံးချုပ် (DEA) ထဲမှာ ဒီညအစောပိုင်းက ရိုက်ကူးထားတဲ့ ဗီဒီယိုဖြစ်တယ်လို့ သိရပါတယ်။

Video – Rapid Response 47

0 Shares:
You May Also Like
Read More

ဥပုသ်သီလယူဖို့ လူအများအပြားရှိနေတဲ့အချိန် ဘုန်းကြီးကျောင်းကို ဗုံးကြဲလို့ ပြည်သူ ၆ ဦး သေဆုံး၊ သံဃာတော်များ အပါအဝင် အများအပြားဒဏ်ရာရ (ရုပ်/သံ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ကမ်းနီကျေးရွာဘုန်းကြီးကျောင်းကို ဒီနေ့ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ယောက်သေဆုံးပြီး သံဃာတော်များ အပါအဝင် လူအများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

KK Park အတွင်း ၃ ရက်ဆက် ဗုံးများပေါက်ကွဲ (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် KK Park အတွင်း ၃ ရက်ဆက် ပေါက်ကွဲမှုတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။
Read More

မြင်းခြံမြို့နယ် ကျောက်ကုန်းပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်စီးနင်း၊ စစ်ကော်မရှင်တပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ကုန်းပျူစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၂ ယောက်သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ One More စစ်ကြောင်းတာဝန်ခံဆီက သိရပါတယ်။ 
Read More

မြင်းခြံမြို့နယ်အတွင်း ဂိတ်စခန်းချထားတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စခန်းစွန့်ခွာထွက်ပြေး (ရုပ်/သံ)

မန္တ‌လေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွှာကျေးရွာကြားရှိ အကြမ်းဖက်စစ်တပ်ဂိတ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Myaung Drone Force M.D.F မှ ယနေ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွှာကျေးရွာ ကြားရှိ အင်အား ၁၅ ဦးခန့်ရှိတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
Read More

KNDF ဗျူဟာအမှတ် -၂ မှ ရဲဘော်တွေ ရှေ့တန်းမှာ ဘယ်လိုတိုက်ခိုက်လဲ (ရုပ်သံ)

KNDF ဗျူဟာအမှတ် -၂  ရဲဘော်တွေ ရှေ့တန်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့နေတဲ့ မှတ်တမ်းရုပ်သံတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့ထဲသို့ ဝင်လာသော စစ်တပ်စစ်ကြောင်းအား ဒရုန်းဖြင့် ထောက်လှမ်းမှု (ရုပ်/သံ)

ကရင်နီပြည် မိုးဗြဲမြို့ထဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြည့်ထောက်လှမ်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B03 က ထုတ်ပြန်လိုက်ပါတယ်။