စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံး တစ်ခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲမှုအောက်မှာ စုစည်းညီညွတ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေက ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးမိန့်ခွန်းတွေက တဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းဖို့အတွက် နိုင်ငံရေး စစ်ရေး သဘောတူညီတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးကို စုစည်းပြီး အကုန်လုံး ပူးပေါင်းလက်တွဲတဲ့ စစ်ရေးမဟာမိတ်တပ်ပေါင်းစုကြီး ဖြစ်ပေါ်လာအောင် ဆက်လက် လုပ်ဆောင်နေပါတယ်” လို့ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သူရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ နိုင်ငံရေးနဲ့ စစ်ရေးအရ သဘောထားချင်း တိုက်ဆိုင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းလက်တွဲကာ အားကောင်းတဲ့ “စစ်ရေးမဟာမိတ်တပ်ပေါင်းစုကြီး” ဖြစ်ပေါ်လာအောင် ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း အသိပေး ပြောဆိုခဲ့ပါတယ်။

“ဒီစစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ ချုပ်ငြိမ်းသွားတဲ့အထိ တော်လှန်ရေး မဟာမိတ်တပ်တွေအားလုံးပေါင်းပြီး အတူလက်တွဲပြီးတော့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းတဲ့အထိ ဆက်လက် တိုက်ပွဲဝင်သွားကြဖို့ နှိုးဆော်တယ်” လို့ သူက ဆက်ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ကချင်ရုပ်သံကနေ KIO တည်ထောင်ခြင်း အထိမ်းအမှတ် မိန့်ခွန်းပြောကြားနေသည့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (ဓာတ်ပုံ Laiza TV)

NUG ယာယီသမ္မတ ဒူဝါလရှီးလ ကလည်း ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးတပ်ပေါင်းစု (Spring Revolution Alliance – SRA) စုဖွဲ့မှုကို အထူးကြိုဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

SRA စုဖွဲ့မှုဟာ တော်လှန်ရေးအတွက် အားကောင်းတဲ့ အင်အားစုဖြစ်လာမယ်လို့ ယုံကြည်ကြောင်းနဲ့ NUG အနေနဲ့လည်း အဲ့ဒီလုပ်ငန်းစဉ်မှာ လက်တွဲဝန်းရံပေးခဲ့တယ်လို့သူက ဆိုပါတယ်။

“လက်နက်ကိုင်လမ်းစဉ်ကို လျှောက်ကြတဲ့ နွေဦးတော်လှန်ရေး အင်အားစုအားလုံးဟာ ဗဟိုကွပ်ကဲမှု တစ်ခုတည်းအောက်မှာ စုစည်းနိုင်လေလေ စစ်အာဏာရှင် အမြစ်ပြတ်ချုပ်ငြိမ်းရေးကို အမြန်ဆုံး လုပ်ဆောင်နိုင်လေလေ ဆိုတာကို မမေ့ကြဖို့ အထူးလိုအပ်ပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

NUG အစိုးရအနေနဲ့ လက်ရှိမှာ C3C (Command and Control Strategy Committee) လို စုဖွဲ့မှုတွေ ရှိထားပြီးဖြစ်ကာ ယခုထက် ပိုမိုအားကောင်းအောင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တာကြောင့်  ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဆက်လက်ထောက်ပံ့ရန်နဲ့ စစ်ဘေးဒုက္ခသည်တွေ၊ ထိခိုက်ကျဆုံးခဲ့တဲ့ ရဲဘော်မိသားစုတွေကို ဝိုင်းဝန်းကူညီကြဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်းက သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲ ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေအတွင်း အောက်တိုဘာ ၁၇ ရက် မနေ့ညပိုင်းက ပြုလုပ်ခဲ့တဲ့ သီတင်းကျွတ်လပြည့်ည ဆီမီးပူဇော်ပွဲမြင်ကွင်းတွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဒီဇင်ဘာလအတွင်း တီးတိန်မှာ CDF Civil Defense Militia – CDM- Siyin တပ်ဖွဲ့ထံ စစ်သားနဲ့ရဲ ၄ယောက် အလင်းဝင်လာ၊ တပ်ဖွဲ့ပိုင် ဆိုင်ကယ်ခိုးယူသူတွေကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့

ဒီဇင်ဘာလအတွင်း CDF Civil Defense Militia - CDM- Siyin တပ်ဖွဲ့ထံ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်ရောက်လာသလို တပ်ဖွဲ့ဝင်ရဲ့ဆိုင်ကယ် ခိုးယူသူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လောင်းလုံး ပကဖ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ၂/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ 
Read More

တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါတ်စဥ် (၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ အပါတ်စဥ် (၈) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ တောင်သာ ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့ အနောက်ဘက်၊ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းဆီက သိရပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။