မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာထဲကို စစ်အုပ်စုပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျ ရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၂ ရက် မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ဘီးလင်းမြို့အခြေစိုက် အမှတ် ၃ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့ရာ အလူးလေးရွာထဲကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ယောက်သေဆုံးပြီး ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

“သူတို့တကယ်တော့အလူးကြီးဘက်ကိုထောင်ပြီးပစ်တာ ပစ်တဲ့အခါ ပြောင်းကချော်ပြီးပြန်လှည့် တော့ လက်နက်ကြီးက အနောက်ဘက်ကိုပြန်ကျတယ် အလူးကြီးရွာကတော့အကုန်ရှောင်ပြီ၊ အလူးလေးရွာကတော့မရှောင်သေးဘူး ဒဏ်ရာရတဲ့ထဲမှာ ကလေးတစ်ယောက်ကတော့ စိုးရိမ်ရတယ်” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်အုပ်စုဟာ ထိတွေ့တိုက်ပွဲမရှိပဲ မကြာခဏဆိုသလို ကျေးရွာတွေဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေ နဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်လေ့ရှိတယ် လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ကင်းပတ်တဲ့နေ့ တွေမှာဆိုလည်း လမ်းမကြီးနားရောက်တဲ့အချိန် အခုလို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။

“ထိပ်တိုက်တွေ့တာမဟုတ်ဘူး သူတို့ဘာသူတို့ပစ်တာပစ်တဲ့အခါကျတော့လက်နက်ကြီးလိုက်ကျတာ အခုလည်း အဲဒီကုန်းထိပ်ကနေပဲသူတို့ပစ်တာ ကနေသူတို့ ကင်းလှည့်တယ်၊ အလူးရွာတောက် လျှောက်သူတို့ကင်းလှည့်တယ်၊ ကင်းလှည့်ရင်းကားလမ်းမကြီးကိုလာပြီးဆိုရင် သူတို့ လက်နက်ကြီး နဲ့ကြိုပစ်တယ် လက်နက်ငယ်တွေ နဲ့လည်း ပစ်ဖောက်တယ်” လို့ ဒေသခံက ဆက်ပြောပါ တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ခမရ ၃ က စစ်အုပ်စု ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ အလူးကြီးအနောက်ဘက်ကမ်း ခတ္တာဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံ ၃ ယောက်ထိမှန်သေဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ယာယီအပစ်ရပ်မည်ဟု ကြေညာထားသည့် အကြမ်းဖက်စစ်အုပ်စုက ကချင်ပြည်နယ်အတွင်းမှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာ နဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေ 

အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်စဲကြောင်း မနေ့က ကြေညာချက်ထုတ်အပြီး ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း စစ်ကြောင်းထိုးတာ ၊ လက်နက်ကြီးပစ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က တိုက်ခိုက်ခံရတဲ့နေရာရဲ့ မြေပုံနဲ့အတူ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနှစ်ဆန်း (၁)ရက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့နယ်ရှိ ကဆုတ်ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းကို မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း (၁)ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့အဝင် မုခ်ဦးကို သျှမ်းအလံတော်မှ တအန်းအလံသို့ TNLA က ပြောင်းလဲလိုက်မှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂ ထုတ်ပြန် 

သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်က သျှမ်းအလံတော်နဲ့ သျှမ်းဘာသာစကားတို့ပါရှိတဲ့ မြို့အဝင် မုခ်ဦးကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တအန်းအမျိုးသားအလံ ပုံစံနဲ့အရောင်တို့ကို အစားထိုးပြီး သျှမ်းစာရေးထိုးထားတာတွေကို ဖျက်ဆီးထားမှုအပေါ် ကန့်ကွက်ကြောင်း သျှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်လာပါတယ်။  
Read More

တရုတ် စပွန်ဆာဖြင့် ပြုလုပ်သည့် ရွေးကောက်ပွဲအတုကို အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ဖြင့် တိုက်ဖျက်ကြရန် GSCB တိုက်တွန်း

တရုတ်နိုင်ငံရဲ့ စပွန်ဆာနဲ့ ပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို လူထုအားနဲ့ တိုက်ဖျက်ဖို့အတွက် လူထုတိုက်ပွဲရဲ့ အဓိကဦးတည်လှုပ်ရှားမှု ၃ ရပ်ကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) က ထုတ်ပြန်ထားပါတယ်။
Read More

ပေါက်ခေါင်းမှာ လောင်းကစားဝိုင်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းကို ဝင်ရောက် ဖမ်းဆီးရာ ငွေသား ၇သိန်းနဲ့အတူ လောင်းကစား ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း ၃၆၀၂ က သတင်းထုတ်ပြန်လာပါတယ်။ 
Read More

ရောင်နီ LA ပွဲ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းခန့် ရရှိ

အမေရိကန်နိုင်ငံ၊ Los Angeles မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီ ဖျော်ဖြေပွဲကနေ အမေရိကန်ဒေါ်လာ ၁သိန်း ၄သောင်းကျော် ရရှိခဲ့တယ်လို့ ရောင်နီ Tour က ကြေညာပါတယ်။