အမေရိကန်တပ်ဖွဲ့ တွေဟာ ဗင်နီဇွဲလား သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို ဖမ်းဆီးလိုက်ပြီလို့ အ​မေရိကန်သမ္မတ ထရမ့်က သူရဲ့လူမှုကွန်ရက် Truth မှာရေးသားအသိပေး လိုက်ပါတယ်။

စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲပြီး သမ္မတဖြစ်သူ နစ်ကိုလက်စ် မာဒူရို ကို လက်ရဖမ်းဆီးလိုက်တာလို့ သမ္မတ ထရမ့်က ဆိုပါတယ်။

ဇန်နဝါရီ ၃ ရက် မနက် ၂ နာရီ ဝန်းကျင်ကစပြီး ဗင်နီဇွဲလားရဲ့ မြို့တော် ကရာကက်စ်မှာ နေရာအနှံ့ ပေါက်ကွဲသံတွေ ဆူညံနေခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။

ထရမ့်ဟာ သမ္မတ နစ်ကိုလက်စ် မာဒူရိုအစိုးရကို မူးယစ်ဆေးဝါး မှောင်ခို လုပ်ငန်းတွေနဲ့ ဆက်နွှယ်တယ်လို့စွပ်စွဲထားပါတယ်။

ဗင်နီဇွဲလားသမ္မတနဲ့ဇနီးဖြစ်သူတို့ကို နိုင်ငံပြင်ပဆီ ခေါ်ထုတ်လာပြီလို့ လည်း ထရမ့်ကရေးသားထားပါတယ်။
0 Shares:
You May Also Like
Read More

ဘန်ကောက်နှင့် ချင်းမိုင်ရှိ စားသောက်ဆိုင်များတွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နဲ့ ချင်းမိုင်မြို့တွေက စားသောက်ဆိုင်တွေမှာ တရားမဝင် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းလူမှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြတယ်လို့ Khaosod သတင်းမှာ ဖော်ပြပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းအစိုးရပိုင်မြေများကို မြန်မာနိုင်ငံသားများအပေါ် ပစ်မှတ်ထားကာ အွန်လိုင်းမှ ရောင်းချမှုများ ပြုလုပ်နေ

မြန်မာနိုင်ငံရှိ ငွေကြေးတတ်နိုင်သူတွေကို ပစ်မှတ်ထားပြီး ထိုင်း- မြန်မာနယ်စပ်တလျှောက် ငြိမ်းချမ်းတဲ့ နေစရာနေရာအဖြစ် ထိုင်းအစိုးရပိုင်မြေတွေကို အွန်လိုင်းကနေ ရောင်းဝယ်နေမှုတွေ ရှိတယ်လို့ ထိုင်းသတင်းဌာန The Nation က သတင်းဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် ဘေးဒုက္ခရောက်နေသည့် မြန်မာပြည်သူလူထုကို အကြမ်းဖက်စစ်တပ် ဆက်လက်ဗုံးကြဲနေဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြ

အကြမ်းဖက် စစ်ကောင်စီဟာ လူပေါင်း‌ထောင်ချီ သေဆုံးခဲ့ရတဲ့ ငလျင်ဒဏ်ကြောင့် ဘေးဒုက္ခရောက်နေရတဲ့ နေရာတွေအပါအဝင် မြန်မာပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း Reuters သတင်းက မတ်လ ၃၀ ရက်မှာ ဖော်ပြပါတယ်။ 
Read More

အီတလီလွှတ်တော်မှာ ကိုထိန်လင်းက မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေး ကူညီရန် ပြောဆိုခဲ့

အီတလီနိုင်ငံအမျိုးသားလွှတ်တော်မှာ ကိုထိန်လင်း(ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာ့ဒီမိုုကရေစီအရေးအတွက် သွားရောက်ပြောဆိုခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
Read More

မြန်မာပြည်၏ ကာလရှည်အကျပ်အတည်းကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ပိုဆိုးလာကြောင်း ထိုင်း ပြော

မြန်မာနိုင်ငံမှာ မတည်မငြိမ်ဆက်ဖြစ်နေမယ်ဆိုရင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ထိုင်းအရာရှိတစ်ယောက်က ပြောဆိုကြောင်း Free Malaysia Today သတင်းက မေလ ၂၆ ရက်မှာ ပြောပါတယ်။