စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့ မြောင်မြို့ရဲစခန်းနဲ့ မြောင်မြို့ဆေးရုံတွေကို လက်နက်ကြီးနဲ့ ၂ ရက်ဆက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Zin Yaw Ni Sniper packing Guerrilla forcesမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က မြောင်မြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံ ၁ လုံး ပျက်စီးခဲ့ပြီး စစ်ဗိုလ်အပါအဝင် ၃ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာ ၂၉ ရက်လည်း မြောင်မြို့နယ် ဆေးရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ ထိခိုက်မှုရှိခဲ့ပြီး ၈၁ မမ လက်နက်ကြီး နဲ့ ပြန်လည်ပစ်ခတ်တဲ့အတွက် LPDF ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Zin Yaw Ni လက်နက်ကြီးတပ်နှင့်အတူ ပကဖ/LPDF များက ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Zin Yaw Ni Sniper packing Guerrilla forces

0 Shares:
You May Also Like
Read More

ရန်ကုန်သားရဲ‌ဘော်များ စုစည်းထားသည့် YARMA BRIGADEတပ်ဖွဲ့မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

ရန်ကုန်သားတွေ စုစည်းထားတဲ့ YARMA BRIGADE တပ်ဖွဲ့ကနေ အပတ်စဉ် ၃ သင်တန်းပြီးဆုံးတဲ့အ တွက် အပတ်စဉ် ၄ အတွက် ရဲဘော်သစ်တွေ ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

မြင်းခြံဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ကာ စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ရက် ၂၀ ကြာ တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းမြာကြီးရဲကင်းစခန်းသို့လာသည့် စစ်ကား ၄ စီးကို ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦးသေပြီး ဗိုလ်အပါအဝင် ၂ ဦး ဖမ်းဆီးရမိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရဲကင်းစခန်းသို့ တပ်ချိန်းဖို့နဲ့ လက်နက်ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ် ယာဉ် ၄ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေပြီး ဗိုလ် ၁ ယောက်အပါအဝင် ၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TGYR - Youth Guerrilla Counter Revolution -NZ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ပေါင်းစုများ တိုက်ပွဲပြင်းထန်နေ (ရုပ်/သံ)

ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်‌ပေါင်းစုတွေ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ကယန်းအမျိုးသားတပ်မတော် (KNA) က ဒီနေ့ အသိပေးထုတ်ပြန်ထားပါတယ်။
Read More

မောတောင်စခန်းတိုက်ပွဲအတွင်း စစ်ကောက်မရှင်တပ် ဒုတပ်ရင်းမှူးက ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ (ရုပ်/သံ)

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်မှာကို တစ်ပတ်ကြာ ကြိုသိခဲ့ပေမယ့် စစ်တပ်တာဝန်ရှိသူတွေက ဘာမှပြင်ဆင်မှုတွေ မလုပ်ခဲ့ဘူးလို့ မောတောင်စခန်းမှာ ဖမ်းဆီးမိခဲ့တဲ့ စစ်သုံ့ပန်းတွေက ဆိုပါတယ်။
Read More

ဆက်ကြေးကောက်ရန် အိမ်စီးကားဖြင့် ထွက်လာသည့် ရဲများ တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကော်မရှင် လက်အောက်ခံ ရဲတွေကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အပါအဝင် ၄ ‌ယောက် သေဆုံးခဲ့တယ်လို့ Budalin Mobile Team က သတင်းထုတ်ပြန်ထားပါတယ်။