မကွေးတိုင်း သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့လို့ ထွက်ပြေးသွားပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့နယ် လဲဇင်ကျေးရွာအနီး ကင်းလှည့်လာတဲ့ အကြမ်းဖက်စစ်သားတွေကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။
တိုက်ပွဲနေရာကိုနယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့အခါ US carbine မောင်းပြန် သေနက် ၂ လက် နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Video-သရက်ခရိုင်၊ အမှတ်- ၅တပ်ရင်း