စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ကျောင်းတစ်ခုက Grade 12 ကျောင်းသူ ၁ ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Indaw Revolution-IR  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီနေ့ဇန်နဝါရီလ (၂) ရက်၊ နေ့ မနက်အစောပိုင်းမှာ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပဲခူးရွာမှာရှိတဲ့ စာသင်ကျောင်းပေါ်ကို စစ်အုပ်စုရဲ့ တံတားဦးလေဆိပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက ဗုံး၂ လုံး ကြဲချသွားခဲ့တာလို့သိရပါတယ်။

“တိုက်ပွဲလည်းမရှိပဲကြဲတာပါ။ NUG ဖွင့်ထားတဲ့ ကျောင်းပါ။ကျောင်းဆောင်ပျက်စီးတယ်။ ကျောင်းသူ၁ယောက်သေတယ်။ ၂ယောက်ဒဏ်ရာရတယ်။” လို့ Indaw Revolution-IR  တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ(NUG) ရဲ့ ကျောင်းထိခိုက်ပျက်စီးပြီး ပညာသင်ကြားနေတဲ့ Grade 12 ကျောင်းသူ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ ပင်လည်ဘူး၊ ဗန်းမောက်၊ မော်လူး၊ ခမ်းပတ်နဲ့ အင်းတော်မြို့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ်တွေထဲသိမ်းပိုက်ထားတာဖြစ်ပါတယ်။

လက်ရှိမှာ အင်းတော်နဲ့ ထိစပ်နေတဲ့ ကသာမြို့ပေါ်မှာလည်း KIA နဲ့ PDF ပူးပေါင်းတပ်တွေကစစ်အုပ်စု စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် စစ်တပ်ကလေကြောင်းအဆက်မပြတ်တိုက်ခိုက်နေပါတယ်။

ဒီအတွက် ​ထောင်နဲ့ချီတဲ့ အရပ်သားတွေဘေးလွတ်ရာတိမ်းရှောင်နေရပြီး ကသာ-အင်းတော်လမ်းကနေ အင်းတော်မြို့နယ်ထဲကိုလည်း ရောက်ရှိနေတာတွေရှိနေတယ်လို့သိရပါတယ်။

0 Shares:
You May Also Like
Read More

တရုတ်၏ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုများက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် မဖြစ်စေသင့်ကြောင်း NUG ယာယီသမ္မတ ပြောကြား၊ NUG ဟာ တရုတ်၏ အကျိုးစီးပွါးကို ထိခိုက်စေမည့်အဖွဲ့ မဟုတ်ဘူးဟုဆို

တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ကြားဝင်ဖျန်ဖြေမှုတွေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ မဖြစ်စေသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ NUG အစိုးရရဲ့ ၁၃ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

ဆက်ကြေးကောက် ငွေညှစ်ဖို့ထွက်လာသည့် စစ်သားများ ကင်းပုန်းဝပ်တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ သေနတ်၂ လက်နှင့် ပစ္စည်းတချို့ ပြောက်ကျားတပ်ဖွဲ့ရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မှာ အရပ်သားတွေဆီက ဆက်ကြေးကောက်ငွေညှစ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စောင့်ကြိုတိုက်ခိုက်ရာမှာ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်နဲ့ ပစ္စည်း တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

CDF CDM Siyin က စိုးမိုးနယ်မြေအတွင်းက ဘိန်းခင်းတွေကို လိုက်လံ ဖျက်ဆီး (ဓာတ်ပုံသတင်း)

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် လစ်လပ်နေရာကို ဂျပန်အစိုးရ စေလွှတ်မှာမဟုတ်

ယခုအပတ်နှောင်းပိုင်းမှာ ဂျပန်နိုင်ငံကို ပြန်သွားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ရဲ့ လစ်လပ်နေရာအတွက် ဂျပန်နိုင်ငံက သံအမတ်အသစ် စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန်သတင်းအရင်းအမြစ်တွေက စက်တင်ဘာလ ၂၆ ရက် ကြာသပတေးနေ့မှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 
Read More

ကလေးမှာ ဒရုန်းနဲ့ဂျမ်မာတွေ တင်လာတဲ့ စစ်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်တပ်က ကလေး GTC ထဲကနေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းဗုံးသီးတွေနဲ့ တိုက်ခို​က်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ အရပ်သားကျေးရွာတွေကို တိုက်ခိုက်ဖို့ ဒရုန်းနဲ့ လူအင်အားတွေတင်ဆောင်လာတဲ့ စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနိုင်ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ဦးအထိ ရှိ…

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၃၁ ရက်အထိ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သူတို့ရဲ့ တရားဝင်ထိန်းသိမ်းရေးစခန်းတွေက စစ်ကြောရေးမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။