စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ တော်လှန်ရေးတပ်တွေရဲ့ မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အရပ်သားတွေ စစ်ဘေးတိမ်းရှောင်နေရသလို စစ်အုပ်စုကအဆက် မပြတ် ဗုံးကြဲနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၈ရက်နေ့၊ အတုယောငရွေးကောက် ပွဲလုပ် ဆောင်တဲ့ အချိန်ကစပြီး ကသာမြို့ပေါ်ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်နေတာပါ။

” ကသာမြို့တစ်ဝက်ကျော်ကျော်လောက်အထိ တော်လှန်ရေးဘက်ကရထားပြီလို့သိရတယ်။ ဌာန​ဆိုင်ရာရုံးတွေအထိပေါ့။ စခတွေက ၃၀၉ ထဲ စုပြီး​​ခံတိုက်နေကြတယ်လို့လည်းကြားတယ်။” လို့ စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။

ဇန်နဝါရီလ(၂)ရက်၊ ဒီနေ့ မှာလည်း ထိတွေ့မှု တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံ တွေကဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ထောက်ခံသူတွေကတော့ စစ်တပ်အနေနဲ့ ကသာမြို့အတွင်း တော်လှန်ရေးတပ်တွေမဝင်ရောက်နိုင်အောင် လေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးခုခံနေတယ်လို့လည်းဝါဒဖြန့်နေပါတယ်။

ကသာမြို့နေများစစ်ဘေးတိမ်းရှောင်နေစဥ် (ပုံ-လူမှုကွန်ရက်)



ဒါ့အပြင် ကသာအကျဥ်းထောင်ပွင့်ပြီးနိုင်ငံရေးအကျဥ်းသားတွေထွက်ပြေးလွတ်မြောက်သွားတယ်လို့သတင်းတွေလည်း ထွက်ပေါ်နေပြီး မောင်းသတင်းဌာန အနေနဲ့အတည်မပြုနိုင်သေးပါဘူး။

လက်ရှိမှာတော့ တော်လှန်ရေးတပ်တွေက ကသာမြို့ထဲအထိရောက်ရှိနေပြီး အကြစမ်းဖက်စစ်တပ်ဟာအပြင်းအထန်ခုခံနေရတယ် လို့လည်းသိရပါတယ်။

ကသာမြို့ရဲ့တစ်ခုတည်းသော ခြေမြန်တပ်ရင်းဖြစ်တဲ့ ခမရ ၃၀၉ တပ်ရင်းကို တေတာ်လှန်​ရေးတပ်တွေတိုက်ခိုက်နေ တယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ ကသာမြို့ဟာ ရပ်ကွက် (၁၁)ခုနဲ့ ကျေးရွာပေါင်း (၂၀၀) နီးပါးရှိတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လက်ပံတန်း ကျောက်တွင်းရွာလမ်းဆုံ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်သား ၅ ဦး သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဂိတ်စခန်းတစ်ခုကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးရိုးမ PDF - ဗျူဟာ ၂၂ က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၂၈၈မိုင်က ရဲကင်းစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ ရဲ ၂ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း မိတ္ထီလာခရိုင် တပ်ရင်း အမှတ် (၃) ရဲ့ သတင်းတာဝန်ရှိသူ Kellyo က မောင်းကိုပြောပါတယ်။ 
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းက အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
Read More

တော်လှန်ရေး အဖွဲ့ဝင်တွေ ဝင်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ကပစ ၂၂ က စစ်သား ၃ ယောက်သေ၊ ၂ ယောက် ပြင်းထန်ဒဏ်ရာရ..

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းနင်းမိပြီး ကပစ ၂၂ က အကြမ်းဖက်စစ်သား ၃ယောက်သေကာ ၂ ယောက်စိုးရိမ်ရကြောင်း တကိုယ်တော် ကိုကျားဇိုး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မော်လမြိုင်ကျွန်းမှာ အုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှမနှစ်ယောက် ဖွင့်ထားတဲ့ KTV ကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီး

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုတ်ပိကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျောင်းဆရာမ မောင်နှစ်မနှစ်ယောက် ဖွင့်လှစ်ထားတဲ့ ရွှေတောင်တန်း KTV ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။