ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ အထိုင်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ကြပ်တစ်ယောက်အပါအဝင် သုံး ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တပ်ရင်း 805 – Nay Pyi Taw PDF ဆီက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနက် ၇ နာရီလောက်မှာ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေတူးရွာထဲမှာ အင်အား ၆၀ ဝန်းကျင် နဲ့ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုတပ်သားတွေကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အခုလို သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သားတွေ နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့သိရပါတယ်။

 ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တပ်သားတစ်ယောက်ကျဆုံးကာ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဒီရွာမှာသူတို့အထိုင်ချထားတာ ၁ နှစ်ကျော်ပြီ ၊ ဒုတပ်ကြပ်ကတော့ ကတုတ်ကျင်းထဲမှာမိတာဗျ ၊ ကျန်နှစ်ယောက်ကတော့ မြစ်ကူးပြီး ထွက်ပြေးတာ ဟိုဘက်ကမ်းရောက်နေတဲ့ကိုယ့်အဖွဲ့တွေ နဲ့ တည့်တည့်တိုးမိတာဗျ ၊ ဒဏ်ရာရတဲ့ရဲဘော်တွေထဲမှာ ၉၀၁ ကတစ်ယောက်ကတော့ စိုးရိမ်ရတဲ့အနေ အထားဗျ ခုတော့ဆေးရုံရောက်ရှိသွားပါပြီ ” လို့  805 – Nay Pyi Taw PDF  ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုဦးက မောင်းကိုပြောပါတယ်။

လက်ရှိ အိုးမြေတူးရွာထဲမှာ အ​ကြမ်းဖက်စစ်အုပ်စုတပ်သားတွေ ထွက်ပြေးတိမ်းရှောင်ကုန်ပြီလို့ဆိုပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကိုလည်း စစ်သုံ့ပန်းဥပဒေ နဲ့ အညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒဏ်ရာတွေ နဲ့ ထွက်ပြေးကုန်တာဆိုတော့ သေဆုံးတာကို တော့မပြောတတ်ဘူးဗျ ၊ အဲ့ရွာက အကုန်ခွေးတွေထွက်ပြေးကုန်ပြီဗျ ၊ ဖမ်းမိထားတဲ့သူတွေကို MOD ရဲ့လမ်းညွန်ချက် စစ်သုံ့ပန်း ဥပဒေ နဲ့ အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်” လို့ ရဲဘော်ကိုဦးက ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်အုပ်စု ရဲ့ အထိုင်စခန်း ၊ ရွာထဲက ကင်းစခန်းတွေအားလုံးကိုလည်း အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ 


အကြမ်းဖက်စစ်အုုပ်စုတပ်သားတွေဆီက 60မမ (၁) လက်၊MA -13 (၁) လက်၊ RPGသီး (၆) လုံး၊ ပို့ယမ်း (၉) ခု၊ MA -13 ဘောက် (၃) ဘောက်၊ 9mm ကျည်အချို့၊ 60 သီး (၂) လုံး၊ 5.56 ကျည်အချို့၊ ရှေ့ထွက်မိုင်း (၅) လုံး၊ စစ်သုံးပစ္စည်းအချို့၊ ဆိုလာနှင့် ဘတ္ထရီ များ သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ် (၈၀၅) ၊ ထနောင်းစစ်ကြောင်း၊ အမှတ် (၉၀၁) တပ်ရင်း၊ နေပြည်တော် PDF နဲ့ သံတောင်မြောက်ပိုင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း အကြမ်းဖက်စစ်အုပ်စုတပ်သားတွေက စစ်ကူအင်အားအများအပြား နဲ့ ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့သိရပါတယ်။

ဒါကြောင့်စစ်တောင်းမြစ်ကမ်းဝန်းကျင် ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူတွေဟာစစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ကိုလည်း 805 – Nay Pyi Taw PDF က အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်နှင့် အကြိမ်ကြိမ် စစ်အင်အားဖြည့်တင်းမှုများကြားမှ ဖလမ်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင် ကြေညာ

ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့ ဟိုတယ်တွင် အမျိုးသမီးငယ်ကို ခုတ်ထစ်သတ်ဖြတ်ခဲ့မှု လူငယ် ၂ ဦးကို ဖမ်းဆီးရမိဟု စစ်ကော်မရှင် ထုတ်ပြန်၊ အမျိုးသားက ရုပ်ရှင်ထဲကအတိုင်း ရက်ရက်စက်စက် သတ်ကာ ရည်းစားဖြစ်သူက အလောင်းဖျောက်ဖျက်ရာတွင် ကူညီခဲ့

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel မှာ အမျိုးသမီးငယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့သူနဲ့ အလောင်းဖျောက်ဖျက်ရာမှာ ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ အကြမ်းဖက်စစ်ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းကင်းမြစ်ရိုးရှိ ပြည်သူများ သွားလာမှု လွယ်ကူစေရေး ပကဖ နှင့် ပအဖ လမ်းသစ်ဖောက်လုပ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြစ်ရိုးဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည် ကူးသန်းမှု မြန်ဆန်စေရေးအတွက် မြစ်ရိုးအောက်ပိုင်းမှာ လမ်းသစ် တစ်လမ်းကို အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ပကဖ နဲ့ ပအဖတို့က ပြုပြင်ဖောက်လုပ်ပေးနေတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ (၆) ယောက် ဒေါနတပ်ရင်းဆီ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ် (၃) ၊ ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းကို စစ်ကောင်စီတပ်က တပ်သား (၆) ယောက် အလင်းဝင်ရောက်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်တွင် စစ်ကြောင်းထိုး စစ်အုပ်စုအပါအဝင် စစ်ကူတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲ ၆ နာရီကြာ ဖြစ်ပွါးခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကျေးရွာတွေဆီစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်ကူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း Launglone Peninsula Force - L P F သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ချောက်မြို့နယ်ဘက်လာသည့် စစ်အုပ်စု ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ အရာရှိအပါ ၁၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့နယ်ဘက်ကိုလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဇူလိုင်လ ၂ ရက် မနက် ၁၁ နာရီကျော်လောက်မှာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Revolution Army (CRA) တပ်ဖွဲ့ဆီက သိရပါတယ်။