စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျီးကုန်းရွာအတွင်း စစ်တပ် ထောင်ထားတဲ့ မိုင်းတွေကို ပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ Chaung U People’s Defence Force က ဒီဇင်ဘာ ၃၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုက တန့်ဆည်မြို့နယ် ကျီကုန်းအရှေ့ရွာနဲ့ အနောက်ရွာကို ဝင်ရောက်ကာ လူသတ်ပြီး ပြည်သူပိုင်ပစ္စည်း တွေကို ခိုးယူသွားကာ နင်းမိုင်းတွေ ထောင်သွားတဲ့အတွက် ပြည်သူတွေ ဘေးကင်းစေဖို့ မိုင်းတွေကို ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့အချိန်ထိ မိုင်းတွေကို ရှင်းလင်းနေဆဲဖြစ်ကာ စစ်အုပ်စု သတ်ဖြတ်သွားပြီး မီးရှို့ထားခဲ့တဲ့ ပြည်သူနဲ့ ရဟန်းတစ်ပါးရဲ့ အကြွင်းအကျန်တွေကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
Video – Chaung U People’s Defence Force