မန္တလေးတိုင်း တောင်သာမြို့နယ်အတွင်းရှိ တရုတ်ဂတ်စ်ပိုက်လိုင်းစောင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taung Tha People Defense Forceမှ သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က ညပိုင်း နှစ်သစ်ကူးအကြိုမစ်ရှင်အဖြစ် တောင်သာမြို့နယ် မင်းကန်ရွာအနီးရှိ တရုတ်ဂတ်စ်ပိုက်လိုင်း‌ေစာင့် အကြမ်းဖက်စစ်သားတွေကို အနီးကပ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး Taung Tha People Defense Force (TTA-PDF)၊ DSNDAနှင့် ဝဲလောင်တိုင်နယ်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။

Video – TTA-PDF

0 Shares:
You May Also Like
Read More

ချောက်မြို့မှ ပုဂံညောင်ဦးသို့ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ချောက်မြို့ကနေ ပုဂံညောင်ဦးဘက်ကို စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ဖောကားယာဉ်နဲ့ စစ်တပ်သုံး သယ်ယူပို့ဆောင်ရေးယာဉ် အကြီး ၂ စီးကို ဇန်နဝါရီ ၆ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ယောက်အတွက် အလေးပြုခြင်းအခမ်းအနားပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း ရဲဘော် သံခြေထောက်နဲ့ ရဲဘော် ကပ္ပလီတို့ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့်အဖြစ် ဒီဇင်ဘာ ၂၀ ရက်က လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ အလံတစ်ဝက်ချလွှင့်ထူခြင်းနဲ့ အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံခရိုင်အတွင်း စစ်ဘေးရှောင်မိသားစု ကျန်ရစ်ခဲ့တဲ့ အဘွားအိုကို PDF ရဲဘော်များ ကယ်တင် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဝင်လာတဲ့အတွက် စစ်ဘေးရှောင် မိသားစုကျန်ရစ်ခဲ့တဲ့ အဘွားအိုကို ကယ်တင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ ရဲဘော်တစ်ယောက်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၅၁၃) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၅၁၃) တပ်ရင်း အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ဘုန်းကြီးကျောင်းနှင့် စေတီပျက်စီးပြီး ပြည်သူ ၁ ယောက်သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို ဒီနေ့ မတ်လ ၄ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

မြင်းခြံမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေပြီး သေနတ် ၇ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။