ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် (၁) စစ်ဒေသ ၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းအနေနဲ့ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ကျေးရွာ ၁ ရွာက ရေဘေးသင့်ပြည်သူတွေကို ငွေကြေး သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ဂန့်ဂေါခရိုင် တပ်ရင်း ၁၃ နယ်မြေ အတွင်း ရေဘေးကြောင့် အခက်အခဲ ဖြစ်ပေါ်နေတဲ့ ကျေးရွာတစ်ရွာက ပြည်သူတွေအတွက် အိမ်ထောင်စုတစ်စုကို ကျပ် (၁၀၀,၀၀၀) နှုန်းနဲ့ အိမ်ထောင်စု (၁၈၄) စုအတွက် စုစုပေါင်း (၁၈,၄၀၀,၀၀၀) ကျပ်ကို သွားရောက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
လူမှူအဖွဲ့အစည်းတစ့ခုရဲ့ ကူညီထောက်ပံ့မှုကို ဆောမြို့နယ် ကျန်းမာရေးတာဝန်ခံရဲ့ ချိတ်ဆက်မှုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆောမြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ၊ ဆောမြို့နယ် ကျန်းမာရေးအဖွဲ့ဝင်တွေ စုပေါင်းပြီး သွားရောက်ကူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းအနေနဲ့ တိုက်ပွဲမရှိိတဲ့ အချိန်တွေမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို သက်ဆိုင်ရာ တော်လှန်အဖွဲ့အစည်းတွေ ၊ လှုမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

၄ နှစ်တာအတွင်း စစ်ကောင်စီကို အင်တာနက်ပေါ်မှာ ဝေဖန်မှုကြောင့် အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

စစ်အာဏာသိမ်းမှု သက်တမ်း ၄ နှစ်တာအတွင်း အာဏာသိမ်းစစ်တပ်ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်ပြောဆိုခဲ့တဲ့ အရပ်သားပြည်သူ ၁၈၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Data For Myanmar က အသိပေးထုတ်ပြန်ပါတယ်။
Read More

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီသင်္ဘော ၁ စီး နစ်မြုပ်၊ ၃ စီး မီးလောင်ပျက်စီး

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေပါဝင်တဲ့ သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က လမ်းတစ်လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်တံခါးမြို့နယ်မှာ စစ်မှုထမ်းဆင်း တပ်သားသစ် ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ စစ်ကောင်စီစခန်းတစ်ခုကနေ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခြင်းခံခဲ့ရတဲ့ တပ်သားသစ် ၁ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ၂ ) တပ်ရင်း (P2-3702) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ကျောက် ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားမှ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ ခရိုင်ပကဖတွေ တွေ့ဆုံခဲ့

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနဲ့ တိုင်းပကဖဦးဆောင်အဖွဲ့က ပုသိမ်ခရိုင်၊ ​မြောင်းမြခရိုင် ပကဖ၊ မအူပင်ခရိုင် နဲ့ ဟင်္သာတခရိုင်ပကဖ  တာဝန်ရှိသူတွေ၊ ရဲ​ဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။