ကရင်အမျိုးသားအစည်းအရုံး (KNU ) ထိန်းချုပ်ရာကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ ဖားအံခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၇) ဆီ အကြမ်းဖက်စစ်တပ် ပြည်သူ့စစ်မှုထမ်းစစ်သားနှစ်ယောက် လက်နက်ချ အလင်းဝင်လာတယ်လို့ သိရပါတယ်။

ကျန်တဲ့အကြမ်းဖက် စစ်သားတွေကိုလည်း နီးစပ်ရာတော်လှန်ရေးတပ်တွေဆီ လက်နက်ချဖို့လည်း  KNU  က ဒီနေ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထား ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ် ခမရ-၅၄၈ က အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသူ တပ်သား စည်သူဟိန်း ၂၅ နှစ် နဲ့ မောင်မောင်စိုး ၂၄  နှစ် တို့ဟာ လက်နက်တွေနဲ့အတူ  KNU/ KNLA ဆီ လက်နက်ချ အလင်းဝင် ဘက်ပြောင်းခိုလှုံလာတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီတပ်သားနှစ်ယောက်ဟာ အကြမ်းဖက်အာဏာသိမ်းစစ်တပ်မှ အတင်းအဓမ္မ ဖမ်းဆည်း စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ လို့သိရ ပါတယ်။

ဒါ့အပြင်‎အကြောင်းအမျိုးမျိုးနဲ့ မတရားစစ်မှုထမ်းခိုင်းစေခံရတဲ့  အာဏာသိမ်း အကြမ်းဖက်စစ်တပ် အတွင်းက တပ်သားများအနေနဲ့  နီးစပ်ရာတော်လှန်ရေးတပ်တွေထံသို့ လက်နက်ချ အလင်းဝင် ပူးပေါင်းကြဖို့ကရင်အမျိုးသားအစည်းအရုံး ( KNU ) က တိုက်တွန်းထား ပါတယ်။

အလင်းဝင်ရောက်လာသူများအား တွေ့ရစဥ် (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ရိုးမအခြေဘက် စစ်ကြောင်းထိုးသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၈ ဦး သေပြီး၊ ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ ရိုးမအခြေဘက် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း ရွှေတန်း​မြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

NUG ဒုဝန်ကြီး ​ဒေါ်အိသဉ္ဇာမောင်နဲ့ ဒီမော့ဆို PDF တွေ့ဆုံ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုဝန်ကြီး ဒေါ်အိသဉ္စာမောင်က ကရင်နီပြည်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒီမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် - DMO PDF နဲ့ တွေ့ဆုံပြီး နိုင်ငံရေး အခြေအနေတွေ ရှင်းလင်းတင်ပြခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဓာတ်ပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ဦးစီးပြုလုပ်သည့် အထူးတပ်ဖွဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့(SOS) က ပြုလုပ်တဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စက်တင်ဘာလ (၂၆) ရက်က စစ်ကိုင်းတိုင်း၊ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဇေယျဝတီမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နေရာများအား ဖြူးပကဖ တိုက်ခိုက်ရေးအဖွဲ့ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦး သေပြီး စစ်တပ်အိမ်စီးကား ၂ စီးကို ပကဖ သိမ်းဆည်း

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ဇေယျဝတီမြို့ပေါ် ဂိတ်စခန်းတွေကို ပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အိမ်စီးကား၂စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ Phyu Township People's Defense Organization - ဖြူးမြို့နယ် ပကဖ က သတင်းထုတ်ပြန်ပါတယ်။
Read More

မိုင်းလုံမြို့နယ် မန်စန်းကျေးရွာတွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ မန်စန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့စည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၉) တပ်ရင်း - Myingyan Black Tiger (MBT) ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၁၃) သင်တန်းဆင်းပွဲကို စက်တင်ဘာလ (၂၀) ရက် မနေ့က ကျင်းပပြီးဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။