စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Sun King Envoy Monywa မှ သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စုဖွဲ့မှုပျက်ကာ နောက်သို့ ပြန်လည်ဆုတ်ခွာ သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Sun King Envoy Monywa (LPDF)နှင့်အတူ Democratic Local Coalition(DLC)၊ ဒေသခံတပ်ပေါင်းစု၊ 5/fighter Group၊ Liger Three People Defence Force Democratic Guerrilla Force(DGF)နဲ့ အခြားမဟာမိတ်တပ်တွေက ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Sun King Envoy Monywa
0 Shares:
You May Also Like
Read More

တိုက်ပွဲဖြစ်ပွါးခြင်းမရှိတဲ့ ပဲခူးအနောက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်းအနာက်ခြမ်း အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ မနေ့က အောက်တိုဘာ ၂၃ ရက်  မနက်အစောပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စင်မြင့်ရွာကို ဖေဖော်ဝါရီ ၇ ၇က် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
Read More

အုန်းတောရွာမှာ ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာမှာ အထိုင်ချတပ်စွဲပြီး ကင်းပတ်လာတဲ့ အကြမ်းစစ်ကောင်စီတပ်သားတွေကို အုန်းတောမြောက်ရေတွင်းနားမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Taw Twin Tup Pee Local အဖွဲ့ထံက သိရပါတယ်။
Read More

ခင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခဲ့မှု ခင်ဦး ပကဖ ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း စစ်ကော်မရှင်စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်နိုင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ခင်ဦးမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၉ လုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့ကနေ စက်မှု ၂ ဘက် ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ရိက္ခာပို့ယာဉ်တန်းကို ရော့ကတ် ၁၄ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်ထံက သိရပါတယ်။
Read More

ကွတ်ခိုင်မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ၂လသား ကလေးငယ်နဲ့ မိခင်အပါ ၃ ယောက်သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ကို နိုဝင်ဘာ ၁၇ ရက် မနေ့က ညနက်ပိုင်းအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၂လသား အရွယ်ကလေးနဲ့ မိခင်အပါအဝင် အရပ်သား ၃ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။