စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Sun King Envoy Monywa မှ သတင်းထုတ်ပြန် ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်က အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာပြီး ရွာကို မီးရှို့ ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စုဖွဲ့မှုပျက်ကာ နောက်သို့ ပြန်လည်ဆုတ်ခွာ သွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Sun King Envoy Monywa (LPDF)နှင့်အတူ Democratic Local Coalition(DLC)၊ ဒေသခံတပ်ပေါင်းစု၊ 5/fighter Group၊ Liger Three People Defence Force Democratic Guerrilla Force(DGF)နဲ့ အခြားမဟာမိတ်တပ်တွေက ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video-Sun King Envoy Monywa
0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေကာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ယောက်သေဆုံးခဲ့ရတယ်လို့ ဗမာ့တပ်တော် - Bamar Army ထံက သိရပါတယ်။
Read More

မင်းစောရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောရွာဘုန်းကြီးကျောင်းကို ဧပြီ ၁၉ ရက် မနက်ပိုင်းမှာ သံဃာတော်တွေ ဆွမ်းကပ်နေချိန် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကရင်နီပြည် ဝံပုလွေစစ်ကြောင်းရဲ့ မိုးတွင်းရိက္ခာ ဆန်အိတ် ၃၀၀ ကမ်ပိန်း (ရုပ်/သံ)

“ကျနော်တို့ စခန်းမှာက စားနပ်ရိက္ခာ အရမ်းခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ ပြီးတော့ ကရင်နီမှာလည်း ရေကြီးမှုကြောင့် စပါးတွေက အကုန်ပျက်စီးကုန်တော့ ဝယ်စားရတော့မယ့် အခြေအနေဖြစ်တာကြောင့် အခုလို ကမ်ပိန်းလုပ်ရတာဖြစ်တယ်။” လို့ ဝံပုလွေစစ်ကြောင်းက ထောက်ပို့တာဝန်ခံ ထူးယံက မောင်းကို ပြောပါတယ်။
Read More

ညောင်ပင်ကုန်းရွာ နေအိမ်တစ်ခုမှာ စုဝေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ နေအိမ်တစ်ခုမှာ စုဝေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၁၅ ရက် မနေ့က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ Zone Five တောဗုံးကြီးအဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့အတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှု ၆ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့ မိုးကောင်း‌ကျောင်းအတွင်း အရပ်သားယာဉ်တွေကို ချောဆွဲနေတဲ့ အင်အား ၁၀ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ၆ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရရှိသွား တယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံက သိရပါတယ်။