နိုင်ငံရေးမှာ သဘောထား မတိုက်ဆိုင်တာတွေ ရှိတတ်ပေမယ့် အသက်တွေရင်းထားရတဲ့ တော်လှန်ရေးမှာတော့ သဘောထားတွေကို ဖြစ်နိုင်သမျှ တိုက်ဆိုင်အောင် ကြိုးစားကြရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ အဓိက ဦးတည်ချက် ဘုံရန်သူဟာ အာဏာသိမ်းစစ်တပ်ဖြစ်တယ်ဆိုတာကို မေ့မသွားဖို့ ဝန်ကြီးချုပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံရေးမှာ အမြဲတမ်း သဘောထားတိုက်ဆိုင်နေတာတွေ မရှိဘူးဆိုတာ ပုံမှန် သဘောတရားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တော်လှန်ရေးမှာတော့ သဘောထားတွေက ဖြစ်နိုင်သမျှ တိုက်ဆိုင်နိုင်အောင် သဘောမျှနိုင်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါတယ်။ လူ့အသက်တွေ အများကြီး စတေးပြီး တိုင်းပြည်ရဲ့အနာဂတ်ကိုရင်းကာ ဆင်နွှဲနေကြရတဲ့ တော်လှန်ရေး ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဦးဆောင်တိုက်ပွဲဝင်နေသူတွေအတွက် ပိုပြီး တာဝန်ကြီးတဲ့ တော်လှန်ရေးလည်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဆိုးသွမ်းတဲ့ အကြမ်းဖက်သူတွေဖြစ်တာကြောင့် ရန်သူ ပြုတ်ကျရေးကို ဦးတည်ပြီး တော်လှန်ရေးအင်အားစုတွေအားလုံး စည်းစည်းလုံးလုံး တိုက်ပွဲဝင်ရမယ်လို့ ပြည်ထောင်စုလွှတ်တော် အဌမအကြိမ် အစည်းအဝေး ပထမနေ့ မိန့်ခွန်းမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့တာပါ။

“ကျနော်တို့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးနေ့မျိုးမှာတောင် ဆေးရုံလိုနေရာမျိုးကို ဗုံးကြဲချခဲ့တဲ့ ဆိုးရွားလွန်းသူတွေ ဖြစ်တယ်ဆိုတာကို မေ့လို့မရပါဘူး။ ဒီလိုအကြမ်းဖက်စစ်အုပ်စုမျိုးကို တော်လှန်နေကြရတဲ့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ ပထမဆုံး ဦးတည်ချက်က အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့ အားလုံး ဒီထက် ပိုမိုစုစည်းပြီး ပိုမို အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်ဟာ တော်လှန်ရေးဆင်နွှဲနေရတဲ့ အချိန်ကာလ ဖြစ်တဲ့အတွက် NUG အနေနဲ့ ပုံမှန်ကာလ အစိုးရတစ်ရပ်ပုံစံ အပြည့်အဝ စီမံဆောင်ရွက်နိုင်ဖို့အတွက် မူဝါဒနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အားနည်းမှုတွေ၊ လူ့စွမ်းအားအရင်းအမြစ် မပြည့်စုံမှုတွေနဲ့ ရုန်းကန်ရင်း ဖြစ်နိုင်သမျှ အကောင်းဆုံး အနေအထားဖြစ်အောင် ကြိုးပမ်းနေရတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဩစတြေးလျမှာ ပြုလုပ်တဲ့ Kachin IDP Fundraising Concert ကို NUG လူ့အခွင့်အရေး ဒုဝန်ကြီး တက်ရောက်ခဲ့

သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူးကျင်းပပြုလုပ်ခဲ့တဲ့ Kachin IDP Fundraising Concert ကို  နိုဝင်ဘာလ ၂ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ရွာ ၃ ရွာကို မီးထပ်ရှို့လို့ နေအိမ် ၁၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ယောက်ကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ပဲခူးရိုးမပေါ် စစ်ကြောင်းတက်လာသည့် အကြမ်းဖက်စစ်ကားကို ကြားဖြတ်ခုခံတိုက်ခိုက်၊ ၄ ဦး သေပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာကာ ဖရိုဖရဲ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရိုးမပေါ် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၄ယောက်သေဆုံးကာ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုထံက သိရပါတယ်။
Read More

မတူပီ-မင်းတပ် လမ်းပိုင်းရှိ မိုင်တိုင် ၉၁ မိုင်တွင် လမ်းပြုပြင်နေသဖြင့် လမ်းပိတ်ထားကြောင်း CDF မတူပီ ထုတ်ပြန်ကြေညာ

ချင်းပြည်နယ်ရှိ မတူပီ-မင်းတပ် လမ်းပိုင်းက မိုင်တိုင် ၉၁ မိုင်မှာ လမ်းပြုပြင်နေတာကြောင့် လမ်းပိတ်ထားတယ်လို့ Chin Defense Force-Matupi က ဒီနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
Read More

ဘုရားသုံးဆူမြို့တွင် ၁၅ နှစ်အရွယ် မိန်းကလေးငယ်ကို အုပ်စုဖွဲ့မုဒိန်းကျင့်သတ်ဖြတ်မှုဖြစ်ပွား

“ကောင်မလေးက ရည်းစားနဲ့ သွားချိန်းတာ၊ အဲ့မှာ သူ့ကောင်လေးနဲ့ သူငယ်ချင်းတွေက ဝိုင်းပြီးမုဒိန်းကျင့်လိုက်တာ။ အဲ့ကောင်လေးတွေက ဆေးသမားတွေ၊ သူငယ်ချင်းက ၂ယောက် .. ကောင်လေးနဲ့ပါဆို ၃ယောက်။ အုပ်ချုပ်ရေးမှူးကျတော့ မုဒိန်းကျင့်တဲ့ထဲ သူမပါဘူး။ ကောင်မလေး ရည်းစားက သူ့ရဲ့တူ.. အဲ့လို၊ သူက ကောင်မလေးအလောင်းကို ဝိုင်းဖျောက်ပေးတာ” လို့ ဘုရားသုံးဆူမြို့ခံတဦးက မောင်းကို ပြောပါတယ်။
Read More

ပေါက်တွင် စစ်ကြောင်းက ထွက်ပြေးလာသည့် ပြည်သူ့စစ်တပ်သား ၁ဦး တော်လှန်ရေးတပ်များထံ လက်နက်ဖြင့် အလင်းဝင်ရောက်

"အလင်းဝင်တဲ့သူတော်တော်များများက ပြန်တိုက်မယ်ပြောတယ်။ ကိုယ့်နယ်ခံဆိုရင်တော့ စိတ်ချရရင် ကျနော်တို့နဲ့အတူ ရှေ့တန်းမှာအတူတိုက်ဖို့တာဝန်ပေးတယ်။ နယ်ခံမဟုတ်ရင်ကျ နောက်တန်းမှာပဲ စီမံပေးတယ်။ ဒါကိုကျေနပ်ကြပါတယ်။ ကမ့်တစ်ခုအနေနဲ့ ထားထားပေးတယ်။ နောက်တန်းကနေ လုပ်ပေးဖို့ထားရတာပေါ့" လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။