စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။

ဒီဇင်ဘာ ၂ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ် အရှေ့ခြမ်း နတ်မှော်ဦးရွာကို ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ယောက် သေဆုံးပြီး ၅ယောက် ထိမှန်ဒဏ်ရာရကာ နေအိမ် ၅လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ထုံးဘိုရွာတောင်ဘက်၊ သန်းကုန်းတောတိုက်ကို ဒီဇင်ဘာ ၁၃ ရက်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရကာ နေအိမ် ၈ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ သန်းကုန်းတောတိုက်ကို စစ်အုပ်စု လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦး

ဒီဇင်ဘာ ၁၆ ရက်မှာလည်း ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်အစပ်ကို ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ပါး အပါအဝင် ၄ယောက် သေဆုံးပြီး ကား ၃စီး မီးလောင်ကာ နောက်ထပ် ကား ၃စီးလည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ အလားတူ ဒီဇင်ဘာ ၁၇ ရက်မှာလည်း ဆည်တောရွာထဲကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ယောက် သေဆုံးပြီး ၅ယောက်ဒဏ်ရာရကာ နေအိမ် ၃လုံး ပျက်စီးခဲ့ပါသေးတယ်။

ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ် ၁နာရီကျော်လောက်မှာလည်း တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၁စီးက ထုံးဘိုရွာတောင်ဘက်ရှိ သန်းကုန်းတောတိုက်အနီးကို ပေါင် ၂၅၀ ဗုံးသီး ၂လုံး ကြဲချပြီး ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ရာ ကိုမျိုးအောင် (၃၄နှစ်)၊ ဒေါ်နီ (၅၀နှစ်) နဲ့ ကိုစောထွန်း (၃၀နှစ်) တို့ ဒဏ်ရာရခဲ့ပါတယ်။

“ထိမှန်သွားတဲ့သူတွေထဲက ကုလားမလက်ကောက်ကျရွာက ပြည်သူ ၂ ယောက်ပါမယ်၊ နယ်မြေခံ တစ်ယောက်ပါမယ်။ စုစုပေါင်း ၃ ယောက် ထိခိုက်တယ်ဗျ။ အဲဒီထဲက ကိုစောထွန်းကတော့ ဒဏ်ရာ နည်းနည်းများတယ်။ ကျန် ၂ ယောက်ကတော့ ထိခိုက်မှုနည်းတယ်လို့ သိရတယ်။ သန်းကုန်းကို အရင်ရက်ကလည်း လေကြောင်းတိုက်လို့ ပြည်သူတွေသေဆုံးတာ ရှိသေးတယ်” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်နီးကပ်လာတာနဲ့အမျှ ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းဖို့အတွက် စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မကွေးထောင်အာဏာပိုင်များကြောင့် ၁နှစ်အတွင်း နိုင်ကျဥ်း ၆ ဦးသေဆုံးခဲ့ပြီး အယောက် ၄၀နီးပါး ညှင်းပန်းနှိပ်စက်ခံရ

မကွေးတိုင်း၊ မကွေးအကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် ၂၀၂၅ ခုနှစ် ၁နှစ်အတွင်း နိုင်ငံရေးအကျဥ်းသား ၆ယောက်သေဆုံးခဲ့ပြီး အယောက် ၄၀ နီးပါး ​ညှင်းပန်းနှိပ်စက်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က နိုဝင်ဘာလ ၁၅ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံရေးအကျဥ်းသားတွေအပေါ် ညှင်းပန်းနှိပ်စက်တဲ့နေရာမှာ နာမည်ကြီးတဲ့ မကွေးအကျဥ်းထောင်မှာ ဒီနှစ် (၂၀၂၅) ၁ နှစ်အတွင်း ထောင်အာဏာပိုင်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံရေးအကျဥ်းသား ၅ယောက်သေဆုံးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ခွင့် လုံလုံလောက်လောက် မရရှိခဲ့မှုကြောင့် နိုင်ကျဉ်း ၁ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

မြောက်ဥက္ကလာပရဲစခန်းမှ ဒုရဲအုပ်နှင့် ဇနီးသည်ဒုတပ်ကြပ်တို့ တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်​ပြောင်းခိုလှုံ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရဲစခန်းမှာတာဝန်ကျနေတဲ့ လုပ်သက် ၇နှစ်ရှိ ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူ ဒုတပ်ကြပ်တို့ ဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်း တော်လှန်ရေးအင်အားစုတွေ ဆီဘက်ပြောင်းခိုလှုံလာတယ်လို့ ထောက်ပို့တာဝန်ခံ မရွှေဂျူးက မောင်းကို ပြောပါတယ်။
Read More

Sample Blogမူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကယန်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စလင်းမှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ လာပြင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ၁၈ ယောက် သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကပစ ၂၅ နဲ့ ကပစ ၂၁ ကို သွယ်တန်းထားတဲ့ မီးလိုင်းတွေ ပြင်ဆင်ဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၈ ယောက်သေပြီး ၁၂ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ယင်းမာပင်ခရိုင် ပကဖ ဆီးမီးထွန်းပူဇော် (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၆ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်ညမှာ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆီးမီးထွန်း ပူဇော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။